
0
140




ကွိဘက်မှာ အများပြည်သူဝန်ထမ်းတွေ ဘာသာရေး အမှတ်အသား ဝတ်ဆင်ခွင့် မပြု

ကနေဒါနိုင်ငံ၊ ကွိဘက်ပြည်နယ်မှာ ကျောင်းဆရာတွေ၊ ရဲအရာရှိတွေ၊ တရားသူကြီးတွေနဲ့ အများပြည်သူဝန်ထမ်းတွေ ဘာသာရေး အမှတ်အသား ဝတ်ဆင်တာတွေကို ပိတ်ပင်ဖို့ ဥပေဒ ထုတ်ပြန်လိုက်ပါတယ်။

ဘာသာရေးနဲ့ ပြည်နယ်အကြား ခွဲခြားထားမှု သေချာအောင် လုပ်ဆောင်တဲ့ ဥပဒေဖြစ်ဖို့ ကွိဘက်ပြည်နယ် ဝန်ကြီးချုပ် လက်ယာယိမ်းသမား ဖရန်စစ် လေဂေါ့က ပြောပါတယ်။ တားမြစ်ချက်တွေထဲမှာ ဂျူးဦးထုပ်၊ ဆစ်ခ်ဘာသာဝင်တွေရဲ့ ခေါင်းပေါင်း၊ ကက်သလစ် လက်ဝါးကပ်တိုင်နဲ့ တခြားအမှတ်အသားတွေ ပါဝင်ပါတယ်။

အခုလို တားမြစ်တဲ့ ဥပဒေဟာ ကနေဒါရဲ့ စံပြဖြစ်တဲ့ ယဉ်ကျေမှုစုံဝါဒနဲ့ ဘာသာရေး လွတ်လပ်ခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွေကို ထိခိုက်လိမ့်မယ်လို့လည်း ဝေဖန်မှုတွေ ရှိနေပါတယ်။