
0
67




ကျူးနေထိုင်သူတွေကို မြေနေရာပေးဖို့ GPS စနစ်နဲ့ စတင် စစ်တမ်းကောက်ယူ


ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ်က ကျူးကျော်နေထိုင်တဲ့ ရပ်ကွက် ခုနစ်ခုကို မြေနေရာပေးဖို့အတွက် ပျို့မေအိမ် လူမှုရေးအဖွဲ့အစည်းက GPS စနစ်နဲ့ သြဂုတ်လ ၂၁ ရက်နေ့က စတင်ပြီး စစ်တမ်းကောက်ယူနေပြီလို့ တောင်ဒဂုံမြို့နယ် (၅၄) ရပ်ကွက်ရဲ့ အုပ်ချုပ်ရေးမှူး ဦးလှိုင်ဝင်းက ပြောပါတယ်။


ကနဦးကနေနဲ့ (၁၄၀) ရပ်ကွက်ကို စတင်ကောက်ယူနေတာဖြစ်ပြီး (၁၀၆) ရပ်ကွက်၊ (၁၇) ရပ်ကွက်၊ (၅၄) ရပ်ကွက်၊ (၂၂) ရပ်ကွက်၊ (၂၃) ရပ်ကွက်၊ (၂၄) ရပ်ကွက်တွေကိုပါ ဆက်လက် ကောက်ယူသွားမှာလည်း ဖြစ်ပါတယ်။


ကောက်ယူပြီးနောက် ကျူးကျော်နေထိုင်သူတွေကို ငွေစုငွေချေးစနစ်နဲ့ တောင်ဒဂုံအတွင်းက ပလပ်မြေနေရာတွေကို ပြန်လည် ချပေးသွားမှာဖြစ်တယ်လို့ တောင်ဒဂုံမြိုနယ် (၅၄) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးလှိုင်ဝင်းက ပြောပါတယ်။