က်ဴးေက်ာ္ေနထုိင္သူေတြ မဲေပးႏုိင္ဖုိ႔ ယာယီသန္းေခါင္စာရင္းထုတ္ေပးမယ္

0
59

ေရႊ႕ေျပာင္းသြားလာသူေတြနဲ႔ က်ဴးေက်ာ္ေနထိုင္သူေတြကို လာမယ့္ ၂၀၂၀ မွာ မဲေပးႏိုင္ဖို႔အတြက္ ယာယီသန္းေခါင္စာရင္းထုတ္ေပးဖို႔ စီစဥ္ေနတယ္လို႔ လူ၀င္မႈႀကီးၾကပ္ေရးႏွင့္ လူ႕စြမ္းအားအရင္းအျမစ္ ၀န္ႀကီးဌာန ရဲ႕၀န္ႀကီးကေျပာပါတယ္။ဒီသတင္းကို MCN သတင္းေထာက္ေဌးေဌးကေပးပို႔ထားပါတယ္။

 လာမယ့္ ၂၀၂၀ေရြးေကာက္ပြဲမွာမဲေပးႏိုင္ဖို႔အတြက္ ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕အေနနဲ႔ ရန္ကုန္ၿမိဳ႕အတြင္းေရႊ႕ေျပာင္းေနထိုင္သူေတြနဲ႕က်ဴးေက်ာ္သူေတြကို ယာယီသန္းေခါင္စာရင္းနဲ႔ မဲေပးႏိုင္ေအာင္ စီစဥ္ေဆာင္ရြက္သြားမွာျဖစ္တယ္လို႔ ေျပာပါတယ္။

အသက္ ၁၈ ႏွစ္ျပည့္ၿပီးတဲ့ ျပည္သူေတြ မဲေပးႏိုင္ဖို႔အတြက္ ယာယီသန္းေခါင္စာရင္းရွိသူတိုင္းဟာ မဲေပးပိုင္ခြင့္ရွိတဲ့ မဲဆနၵရွင္စာရင္းျဖစ္တယ္လို႔လည္းေျပာပါတယ္။

Soundbite; ေဒၚမိုးမိုးစုၾကည္(၀န္ႀကီး)

လူ၀င္မႈႀကီးၾကပ္ေရးႏွင့္လူ႕စြမ္းအားအရင္းအျမစ္၀န္ႀကီးဌာန

ယာယီသန္းေခါင္စာရင္းေပးၿပီးတဲ့အခါ  ဒီေရြ႕ေျပာင္းသြားလာသူေတြကို ေျပာင္းေရႊ႕ခဲ့တဲ့ေဒသရဲ႕ နယ္စာရင္းေတြ ဌာနအလိုက္ခ်ိတ္ဆက္ေဆာင္ရြက္ၿပီး စစ္ေဆးတာေတြကို စဥ္ဆက္မျပတ္ေဆာင္ရြက္ သြားမွာျဖစ္ပါတယ္။

Soundbite; ေဒၚမိုးမိုးစုၾကည္(၀န္ႀကီး)

လူ၀င္မႈႀကီးၾကပ္ေရးႏွင့္လူ႕စြမ္းအားအရင္းအျမစ္၀န္ႀကီးဌာန

လက္ရွိမွာ  ေရႊ႕ေျပာင္းလုပ္သားေတြနဲ႔ က်ဴးေက်ာ္ေနထိုင္ေနသူေတြရဲ႕ စာရင္းကို တိုင္းေဒသႀကီးအစိုးရကေန အကြက္လိုက္ေကာက္ယူၿပီး ေကာက္ယူလို႔ရရွိတဲ့ မိသားစုစာရင္းေတြနဲ႔အတူ အိမ္ေနရာ ခ်ထားေပးဖို႔ အတြက္ တိုင္းေဒသႀကီး အစိုးရက စီစဥ္ေဆာင္ရြက္ေနတာပါ။

အဲဒီလိုစာရင္းေကာက္ယူရင္ အစိုးရပိုင္ေျမေတြေပၚမွာ တည္ေဆာက္ႏိုင္ဖို႔အတြက္ အေသးစားေငြေခ်း လုပ္ငန္းေတြကေန ေခ်းေငြက်ပ္သိန္းသံုးဆယ္ကို ေခ်းေပးသြားမွာျဖစ္ၿပီး ေနာက္ပိုင္းမွာ ကိုယ္ေနခဲ့တဲ့ ေနရာကိုျပန္မက်ဴးဖို႔ သက္ဆိုင္ရာက ထိန္းေက်ာင္းသြားမွာျဖစ္ပါတယ္ရွင္။

ရွှေ့ပြောင်းသွားလာသူတွေနဲ့ ကျူးကျော်နေထိုင်သူတွေကို လာမယ့် ၂၀၂၀ မှာ မဲပေးနိုင်ဖို့အတွက် ယာယီသန်းခေါင်စာရင်းထုတ်ပေးဖို့ စီစဉ်နေတယ်လို့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာန ရဲ့ဝန်ကြီးကပြောပါတယ်။ဒီသတင်းကို MCN သတင်းထောက်ဌေးဌေးကပေးပို့ထားပါတယ်။

လာမယ့် ၂၀၂၀ရွေးကောက်ပွဲမှာမဲပေးနိုင်ဖို့အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ ရန်ကုန်မြို့အတွင်းရွှေ့ပြောင်းနေထိုင်သူတွေနဲ့ကျူးကျော်သူတွေကို ယာယီသန်းခေါင်စာရင်းနဲ့ မဲပေးနိုင်အောင် စီစဉ်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ပြောပါတယ်။

အသက် ၁၈ နှစ်ပြည့်ပြီးတဲ့ ပြည်သူတွေ မဲပေးနိုင်ဖို့အတွက် ယာယီသန်းခေါင်စာရင်းရှိသူတိုင်းဟာ မဲပေးပိုင်ခွင့်ရှိတဲ့ မဲဆန္ဒရှင်စာရင်းဖြစ်တယ်လို့လည်းပြောပါတယ်။

Soundbite; ဒေါ်မိုးမိုးစုကြည်(ဝန်ကြီး)
လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန

ယာယီသန်းခေါင်စာရင်းပေးပြီးတဲ့အခါ ဒီရွေ့ပြောင်းသွားလာသူတွေကို ပြောင်းရွှေ့ခဲ့တဲ့ဒေသရဲ့ နယ်စာရင်းတွေ ဌာနအလိုက်ချိတ်ဆက်ဆောင်ရွက်ပြီး စစ်ဆေးတာတွေကို စဉ်ဆက်မပြတ်ဆောင်ရွက် သွားမှာဖြစ်ပါတယ်။

Soundbite; ဒေါ်မိုးမိုးစုကြည်(ဝန်ကြီး)
လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန

လက်ရှိမှာ ရွှေ့ပြောင်းလုပ်သားတွေနဲ့ ကျူးကျော်နေထိုင်နေသူတွေရဲ့ စာရင်းကို တိုင်းဒေသကြီးအစိုးရကနေ အကွက်လိုက်ကောက်ယူပြီး ကောက်ယူလို့ရရှိတဲ့ မိသားစုစာရင်းတွေနဲ့အတူ အိမ်နေရာ ချထားပေးဖို့ အတွက် တိုင်းဒေသကြီး အစိုးရက စီစဉ်ဆောင်ရွက်နေတာပါ။

အဲဒီလိုစာရင်းကောက်ယူရင် အစိုးရပိုင်မြေတွေပေါ်မှာ တည်ဆောက်နိုင်ဖို့အတွက် အသေးစားငွေချေး လုပ်ငန်းတွေကနေ ချေးငွေကျပ်သိန်းသုံးဆယ်ကို ချေးပေးသွားမှာဖြစ်ပြီး နောက်ပိုင်းမှာ ကိုယ်နေခဲ့တဲ့ နေရာကိုပြန်မကျူးဖို့ သက်ဆိုင်ရာက ထိန်းကျောင်းသွားမှာဖြစ်ပါတယ်ရှင်။