က်ဴးေက်ာ္ေတြအတြက္ ေဆာက္လုပ္ေနထိုင္မယ့္ ေနအိမ္အမ်ိဳးအစားကို ကြင္းဆင္း ေမးျမန္းမယ္

0
83

က်ဴးေက်ာ္ေနထိုင္သူေတြအေနနဲ႔ အစိုးရကေပးေမယ့္ ေျမေနရာမွာ ေဆာက္လုပ္ေနထိုင္မယ့္ ေနအိမ္အမ်ိဳး အစားကို  ပ်ဳိေမ႔အိမ္ လူမႈဖြ႔ံၿဖဳိးတုိးတက္ေရး အသင္းက လာမယ့္ ေအာက္တိုဘာလအတြင္း ကြင္းဆင္း ေမးျမန္းသြားဖို႔ရွိ ေနပါတယ္။ ဒီသတင္းကုိ MCN သတင္းေထာက္သႏၱာမုိးကေပးပုိ႔ထားပါတယ္။

ရန္ကုန္တုိင္းေဒသႀကီးအတြင္းမွာရွိတဲ႔ လႈိင္သာယာ၊ ေရႊျပည္သာ၊ေျမာက္ဒဂုံ၊ အေရွ႕ဒဂုံ၊ေတာင္ဒဂုံနဲ႔ ဒဂုံဆိပ္ကမ္းၿမဳိ႕နယ္ ၿမဳိ႕နယ္ ၆ ၿမဳိ႕နယ္မွာ တုိင္းေဒသႀကီးအစုိးရအဖြဲ႔နဲ႔ ပူးေပါင္းၿပီး ပ်ဳိေမ႔အိမ္ လူမႈဖြ႔ံၿဖဳိးတုိးတက္ေရးအသင္းကဦးေဆာင္ကာ က်ဴးေက်ာ္ေနထိုင္တဲ႔ ေနအိမ္ေတြကို ၿပီးခဲ႔တဲ႔ ဧၿပီလပုိင္းက စတင္ကာ GPS စနစ္နဲ႔ စစ္တမ္း ေကာက္ယူမႈေတြ လုပ္ေဆာင္ေနတာ ျဖစ္ပါတယ္။

အဲဒီလုိ စစ္တမ္းေကာက္ယူထားတဲ႔ က်ဳးေက်ာ္ေနအိမ္ေတြကုိ အစုိးရက ႏွစ္၃၀ အခမဲ႔ ေျမဌားရမ္းေပးၿပီး  အဲဒီေျမေပၚမွာ အရစ္က်စနစ္နဲ႔ ေနအိမ္ေဆာက္လုပ္နုိင္ဖုိ႔အတြက္ ေနအိမ္အမ်ိဳးအစားကို လာမယ့္ ေအာက္တိုဘာလမွာ ကြင္းဆင္းေမးျမန္းသြားမွာျဖစ္တယ္လုိ႕ ပ်ဳိေမ႔အိမ္ လူမႈဖြ႔ံၿဖဳိးတုိးတက္ေရးအသင္း ရဲ႕ဒါရုိက္တာ ေဒၚဗန္လီဇာေအာင္ ကေျပာပါတယ္။

Soundbite   ေဒၚဗန္လီဇာေအာင္ (ဒါရုိက္တာ)

        ပ်ဳိေမ႔အိမ္ လူမႈဖြ႔ံၿဖဳိးတုိးတက္ေရးအသင္း(အင္းစိန္)

ဝင္ေငြနည္းျပည္သူေတြ အိမ္ယာပုိင္ဆုိင္နုိင္ဖုိ႔အတြက္ သတင္းအခ်က္အလက္ ေကာက္ယူ တာေတြ၊ ေငြစုေငြေခ်း အဖြဲ႔အစည္းဖြဲ႔စည္းေပးတာေတြ၊ ေျမေနရာေတြသတ္မွတ္တာေတြ၊ အိမ္ေဆာက္လုပ္ တာေတြကုိ အဆင္႔ေလးဆင္႔နဲ႔ လုပ္ေဆာင္သြားမွာျဖစ္ပါတယ္။

Soundbite   ေဒၚဗန္လီဇာေအာင္ (ဒါရုိက္တာ)

        ပ်ဳိေမ႔အိမ္ လူမႈဖြ႔ံၿဖဳိးတုိးတက္ေရးအသင္း(အင္းစိန္)

ျမင့္တက္ေနတဲ႔ ေျမေဈးႏႈန္းနဲ႔ အိမ္ဌားခစရိတ္ေတြေက ဝင္ေငြနည္း ျပည္သူေတြအတြက္ အခက္အခဲေတြ ရွိေနတာေၾကာင့္ က်ဴးေက်ာ္ေနထိုင္ရတာ ျဖစ္ၿပီး၊ ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႔ အစီအစဥ္ျဖစ္တဲ႔ အရစ္က်စနစ္နဲ႔ ေနအိမ္ ပိုင္ဆိုင္ရမွာ ျဖစ္တာေၾကာင့္ က်ဴးေက်ာ္ေနထိုင္သူေတြအတြက္ အဆင္ေျပမႈေတြ ရွိလာမွာ ျဖစ္ပါတယ္။

Soundbite မခင္မူယာႀကဳိင္(က်ဳးေက်ာ္ေနထုိင္သူ)

ေတာင္ဒဂုံ ၅၄ရပ္ကြက္

ပ်ဳိေမ႔အိမ္ လူမႈဖြ႔ံၿဖဳိးတုိးတက္ေရးအသင္း (အင္းစိန္) အေနနဲ႔ၿပီးခဲ႔တဲ႔၁၀ႏွစ္ကတည္းက ဝင္ေငြနည္းျပည္သူ ေတြအတြက္ အိမ္ယာေဖာ္ေဆာင္တာေတြ လုပ္ေဆာင္ေနတာျဖစ္ၿပီး၊ အခုလက္ရွိမွာ က်ဳးေက်ာ္ေနထိုင္သူေတြနဲ႔ အိမ္ဌား ေနထုိင္သူေတြအတြက္ ေနအိမ္ပိုင္ဆိုင္ႏိုင္ေရး လုပ္ေဆာင္သြားဖုိ႔ရွိ ေနတာ ျဖစ္ပါတယ္ရွင္။

ကျူးကျော်တွေအေတွက် ဆောက်လုပ်နေထိုင်မယ့် နေအိမ်အမျိုးအစားကို ကွင်းဆင်း မေးမြန်းမယ်

ကျူးကျော်နေထိုင်သူတွေအနေနဲ့ အစိုးရကပေးမေယ့် မြေနေရာမှာ ဆောက်လုပ်နေထိုင်မယ့် နေအိမ်အမျိုး အစားကို ပျိုမေ့အိမ် လူမှုဖွံ့ဖြိုးတိုးတက်ရေး အသင်းက လာမယ့် အောက်တိုဘာလအတွင်း ကွင်းဆင်း မေးမြန်းသွားဖို့ရှိ နေပါတယ်။ ဒီသတင်းကို MCN သတင်းထောက်သန္တာမိုးကပေးပို့ထားပါတယ်။


ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ လှိုင်သာယာ၊ ရွှေပြည်သာ၊မြောက်ဒဂုံ၊ အရှေ့ဒဂုံ၊တောင်ဒဂုံနဲ့ ဒဂုံဆိပ်ကမ်းမြို့နယ် မြို့နယ် ၆ မြို့နယ်မှာ တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ ပူးပေါင်းပြီး ပျိုမေ့အိမ် လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်းကဦးဆောင်ကာ ကျူးကျော်နေထိုင်တဲ့ နေအိမ်တွေကို ပြီးခဲ့တဲ့ ဧပြီလပိုင်းက စတင်ကာ GPS စနစ်နဲ့ စစ်တမ်း ကောက်ယူမှုတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။


အဲဒီလို စစ်တမ်းကောက်ယူထားတဲ့ ကျုးကျော်နေအိမ်တွေကို အစိုးရက နှစ်၃၀ အခမဲ့ မြေဌားရမ်းပေးပြီး အဲဒီမြေပေါ်မှာ အရစ်ကျစနစ်နဲ့ နေအိမ်ဆောက်လုပ်နိုင်ဖို့အတွက် နေအိမ်အမျိုးအစားကို လာမယ့် အောက်တိုဘာလမှာ ကွင်းဆင်းမေးမြန်းသွားမှာဖြစ်တယ်လို့ ပျိုမေ့အိမ် လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်း ရဲ့ဒါရိုက်တာ ဒေါ်ဗန်လီဇာအောင် ကပြောပါတယ်။


Soundbite ဒေါ်ဗန်လီဇာအောင် (ဒါရိုက်တာ)
ပျိုမေ့အိမ် လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်း(အင်းစိန်)


ဝင်ငွေနည်းပြည်သူတွေ အိမ်ယာပိုင်ဆိုင်နိုင်ဖို့အတွက် သတင်းအချက်အလက် ကောက်ယူ တာတွေ၊ ငွေစုငွေချေး အဖွဲ့အစည်းဖွဲ့စည်းပေးတာတွေ၊ မြေနေရာတွေသတ်မှတ်တာတွေ၊ အိမ်ဆောက်လုပ် တာတွေကို အဆင့်လေးဆင့်နဲ့ လုပ်ဆောင်သွားမှာဖြစ်ပါတယ်။


Soundbite ဒေါ်ဗန်လီဇာအောင် (ဒါရိုက်တာ)
ပျိုမေ့အိမ် လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်း(အင်းစိန်)


မြင့်တက်နေတဲ့ မြေဈေးနှုန်းနဲ့ အိမ်ဌားခစရိတ်တွေကေ ဝင်ငွေနည်း ပြည်သူတွေအတွက် အခက်အခဲတွေ ရှိနေတာကြောင့် ကျူးကျော်နေထိုင်ရတာ ဖြစ်ပြီး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြစ်တဲ့ အရစ်ကျစနစ်နဲ့ နေအိမ် ပိုင်ဆိုင်ရမှာ ဖြစ်တာကြောင့် ကျူးကျော်နေထိုင်သူတွေအတွက် အဆင်ပြေမှုတွေ ရှိလာမှာ ဖြစ်ပါတယ်။


Soundbite မခင်မူယာကြိုင်(ကျုးကျော်နေထိုင်သူ)
တောင်ဒဂုံ ၅၄ရပ်ကွက်


ပျိုမေ့အိမ် လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်း (အင်းစိန်) အနေနဲ့ပြီးခဲ့တဲ့၁၀နှစ်ကတည်းက ဝင်ငွေနည်းပြည်သူ တွေအတွက် အိမ်ယာဖော်ဆောင်တာတွေ လုပ်ဆောင်နေတာဖြစ်ပြီး၊ အခုလက်ရှိမှာ ကျုးကျော်နေထိုင်သူတွေနဲ့ အိမ်ဌား နေထိုင်သူတွေအတွက် နေအိမ်ပိုင်ဆိုင်နိုင်ရေး လုပ်ဆောင်သွားဖို့ရှိ နေတာ ဖြစ်ပါတယ်ရှင်။