
0
178


စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ကလေးမြို့နယ်စော်ဘွားရေရှင်ကျေးရွာမှာ လိုင်ချီးစိုက်ပျိုးထားတဲ့  တောင်သူတွေဟာ အောင်မြင်မှု များစွာရရှိနေတယ်လို့ တောင်သူတွေကပြောပါတယ်။





ကလေးမြို့နယ်မှာ လိုင်ချီးစိုက်ပျိုးတဲ့ တောင်သူတွေ အောင်မြင်ဖြစ်ထွန်းနေတဲ့ အကြောင်း ကို MCN မုံရွာသတင်းထောက် ထွန်းလင်းဦးက ပေးပို့ထားပြီး သတင်းသော်တာတိုးက တင်ဆက်ထားပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ကလေးမြို့နယ်စော်ဘွားရေရှင်ကျေးရွာမှာ လိုင်ချီးစိ်ုက်ပျိုးထားတဲ့ တောင်သူတွေဟာ အောင်မြင်မှု များစွာရရှိနေတယ်လို့ တောင်သူတွေကပြောပါတယ်

အင်တာဗျူး ဦးထလျံကြီး (လိုင်ချီးစိုက်တောင်သူ-စော်ဘွားရေရှင်ကျေးရွာ)

အခုနှစ် စိုက်ပျိုးရာသီမှာ အပူချိန်လွန်ကဲမှုကြောင့် စိုက်ပျိုးရာမှာ အခက်အခဲတွေ ရှိခဲ့ပေမယ့် အောင်မြင်စွာ စိုက်ပျိုးနိုင်ခဲ့တယ်လို့ တောင်သူတွေကပြောပါတယ်။

အင်တာဗျူး ဦးထလျံကြီး (လိုင်ချီးစိုက်တောင်သူ-စော်ဘွားရေရှင်ကျေးရွာ)

လိုင်ချီးသီးတွေကို လက်လီအနေနဲ့အလုံး ၃၀ ကနေ ၄၀ အထိကို တစ်ထောင်ကျပ် နှုန်းနဲ ့ရောင်းချပေနေပြီး ၁၀ ပိဿာ နဲ့အထက်ဖောက်သည်ဝယ်သူတွေကို တပိဿာကို ၂၀ဝ၀ ကျပ်နှုန်းနဲ ့ရောင်းချပေနေတာလဲဖြစ်ပါတယ်ခင်ဗျား။