ကေလးလုပ္သား ပေပ်ာက္ေရးအတြက္ ပညာေပးေဟာေျပာပြဲျပဳလုပ္

0
19

ကေလးလုပ္သား ပေပ်ာက္ေရးအတြက္ ကနဦးစီမံကိန္းအျဖစ္ ဒဂံုဆိပ္ကမ္းနဲ႔ ေရႊျပည္သာၿမိဳ႕နယ္ေတြ အပါအ၀င္ စက္ရံု ၅၀ ေက်ာ္က ပိုင္ရွင္၊ မန္ေနဂ်ာေတြနဲ႔ အလုပ္သမားအဖြဲ႕အစည္းေတြကို ပညာေပးေဟာေျပာပြဲ ျပဳလုပ္ခဲ့ပါတယ္။ ဒီသတင္းကို MCN သတင္းေထာက္ေဌးေဌးကေပးပို႔ထားပါတယ္။

စက္ရံု၊ အလုပ္ရံုနဲ႔ ဆိုင္အလုပ္ဌာနေတြမွာ ကေလးအလုပ္သမား ပေပ်ာက္ေစေရးအတြက္ ကေလး လုပ္သားမ်ားလုပ္ငန္းေကာ္မတီက ကေလးအလုပ္သမား ပေပ်ာက္ေရးအတြက္ ကနဦးစီမံကိန္းအျဖစ္ လိႈင္သာယာၿမိဳ႕နယ္မွာရွိတဲ့ အမ်ဳိးသားလုပ္ငန္းခြင္ေဘးအႏၱရာယ္ ကင္းရွင္းေရးနဲ႔ က်န္းမာေရးသင္တန္းေက်ာင္းမွာ ေဟာေျပာပြဲ ျပဳလုပ္ခဲ့တာပါ။

Soundbite ;ဦးေက်ာ္ေက်ာ္ထြန္း(တိုင္းေဒသႀကီးဦးစီးမွဴး)

ရန္ကုန္တိုင္းေဒသႀကီးအလုပ္ရံုႏွင့္အလုပ္သမားဥပေဒစစ္ေဆးေရးဦးစီးဌာန

ကေလးအလုပ္သမား ခိုင္းေစတာေတြနဲ႔ ပတ္သက္ၿပီး တိုင္ၾကားမႈေတြရွိခဲ့သလို ၂၀၁၆ ခုႏွစ္ကေန လက္ရွိအခ်ိန္အထိ အထည္ခ်ဳပ္စက္ရံု ႏွစ္ခုနဲ႔ ပရိေဘာဂလုပ္ငန္း တစ္ခုကို တရားစြဲခဲ့တာရွိတယ္လို႔ေျပာပါတယ္။

Soundbite ;ဦးေက်ာ္ေက်ာ္ထြန္း(တိုင္းေဒသႀကီးဦးစီးမွဴး)

ရန္ကုန္တိုင္းေဒသႀကီးအလုပ္ရံုႏွင့္အလုပ္သမားဥပေဒစစ္ေဆးေရးဦးစီးဌာန

 ဒါ့အျပင္ ကေလးအလုပ္သမား လုပ္ကိုင္ေနတာရွိတဲ့ စက္ရံုတစ္ရံုကို သြားေရာက္စစ္ေဆးတဲ့အခါ မိဘလုပ္ကိုင္တဲ့ လုပ္ငန္းကို သားသမီးေတြက ၀င္ေရာက္လုပ္ကိုင္တာေၾကာင့္ မိသားစုပံုစံလုပ္ကိုင္လာတာ ေတြ ေတြ႔ရတယ္လို႔ေျပာပါတယ္။

  စက္ရံု၊ အလုပ္ရံုေတြမွာ အသက္ ၁၄ ႏွစ္ေအာက္ ကေလးအလုပ္သမားေတြကို ခိုင္းေစတာမျပဳဖို႔ တားျမစ္ထားၿပီး အသက္ ၁၆ ႏွစ္နဲ႔ ၁၈ ႏွစ္အတြင္း ကေလးအလုပ္သမားေတြကို ခိုင္းေစမယ္ဆိုရင္လည္း ဆရာ၀န္ရဲ႕ ခြင့္ျပဳခ်က္လက္မွတ္နဲ႔ သတ္မွတ္အလုပ္အခ်ိန္တိုင္း ဥပေဒနဲ႔ ကိုက္ညီရင္ လုပ္ကိုင္ခြင့္ျပဳထား တယ္လို႔ေျပာပါတယ္ရွင္။

ကလေးလုပ်သား ပပျောက်ရေးအတွက် ကနဦးစီမံကိန်းအဖြစ် ဒဂုံဆိပ်ကမ်းနဲ့ ရွှေပြည်သာမြို့နယ်တွေ အပါအဝင် စက်ရုံ ၅၀ ကျော်က ပိုင်ရှင်၊ မန်နေဂျာတွေနဲ့ အလုပ်သမားအဖွဲ့အစည်းတွေကို ပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ပါတယ်။ ဒီသတင်းကို MCN သတင်းထောက်ဌေးဌေးကပေးပို့ထားပါတယ်။

စက်ရုံ၊ အလုပ်ရုံနဲ့ ဆိုင်အလုပ်ဌာနတွေမှာ ကလေးအလုပ်သမား ပပျောက်စေရေးအတွက် ကလေး လုပ်သားများလုပ်ငန်းကော်မတီက ကလေးအလုပ်သမား ပပျောက်ရေးအတွက် ကနဦးစီမံကိန်းအဖြစ် လှိုင်သာယာမြို့နယ်မှာရှိတဲ့ အမျိုးသားလုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနဲ့ ကျန်းမာရေးသင်တန်းကျောင်းမှာ ဟောပြောပွဲ ပြုလုပ်ခဲ့တာပါ။

Soundbite ;ဦးကျော်ကျော်ထွန်း(တိုင်းဒေသကြီးဦးစီးမှူး)
ရန်ကုန်တိုင်းဒေသကြီးအလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန

ကလေးအလုပ်သမား ခိုင်းစေတာတွေနဲ့ ပတ်သက်ပြီး တိုင်ကြားမှုတွေရှိခဲ့သလို ၂၀၁၆ ခုနှစ်ကနေ လက်ရှိအချိန်အထိ အထည်ချုပ်စက်ရုံ နှစ်ခုနဲ့ ပရိဘောဂလုပ်ငန်း တစ်ခုကို တရားစွဲခဲ့တာရှိတယ်လို့ပြောပါတယ်။

Soundbite ;ဦးကျော်ကျော်ထွန်း(တိုင်းဒေသကြီးဦးစီးမှူး)
ရန်ကုန်တိုင်းဒေသကြီးအလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန

ဒါ့အပြင် ကလေးအလုပ်သမား လုပ်ကိုင်နေတာရှိတဲ့ စက်ရုံတစ်ရုံကို သွားရောက်စစ်ဆေးတဲ့အခါ မိဘလုပ်ကိုင်တဲ့ လုပ်ငန်းကို သားသမီးတွေက ဝင်ရောက်လုပ်ကိုင်တာကြောင့် မိသားစုပုံစံလုပ်ကိုင်လာတာ တွေ တွေ့ရတယ်လို့ပြောပါတယ်။

စက်ရုံ၊ အလုပ်ရုံတွေမှာ အသက် ၁၄ နှစ်အောက် ကလေးအလုပ်သမားတွေကို ခိုင်းစေတာမပြုဖို့ တားမြစ်ထားပြီး အသက် ၁၆ နှစ်နဲ့ ၁၈ နှစ်အတွင်း ကလေးအလုပ်သမားတွေကို ခိုင်းစေမယ်ဆိုရင်လည်း ဆရာဝန်ရဲ့ ခွင့်ပြုချက်လက်မှတ်နဲ့ သတ်မှတ်အလုပ်အချိန်တိုင်း ဥပဒေနဲ့ ကိုက်ညီရင် လုပ်ကိုင်ခွင့်ပြုထား တယ်လို့ပြောပါတယ်ရှင်။