ကေလးငယ္ေတြ အနာဂတ္ပညာေရးအတြက္ အာမခံထားရွိႏိုင္မယ့္အေၾကာင္း မိတ္ဆက္

0
32

ကေလးငယ္ေတြ အနာဂတ္ပညာေရးအတြက္ အာမခံထားရွိႏိုင္မယ့္အေၾကာင္းကို GGI (Grand Guardian life Insurance) အာမခံကုမၸဏီက မိတ္ဆက္ခဲ႔ပါတယ္။ ဒီသတင္းကို MCN သတင္းေထာက္ တင္မာေဆြက ေပးပို႔ထားၿပီး တင္ေမာင္ေထြးက တင္ဆက္ေပးထားပါတယ္။

ျမန္မာနိုင္ငံအတြက္ စာသင္သားအသက္အာမခံစနစ္ကို ဂ်ပန္နိုင္ငံ  Nippon Life ကုမၸဏီနဲ႕ ပူးေပါင္းေရးစြဲထားတာျဖစ္ၿပီး ကေလးေတြ အနာဂတ္ပညာေရးအတြက္ အေထာက္အပံပေျဖစ္ေစဖို႔ရည္ရြယ္ကာ လသားအရြယ္ကေန အသက္ ၁၂ ႏွစ္အထိ အာမခံထားရွိႏိုင္မယ့္အေၾကာင္းကို GGI အာမခံကုမၸဏီက မိတ္ဆက္ခဲ႔ပါတယ္။ 

စက္တင္ဘာလ ၆ ရက္ေန႔က မုံရြာၿမိဳ႕ ၀င္းယူနတီေဟာ္တယ္မွာ စာသင္သားအသက္အာမခံစနစ္အေၾကာင္း ေဆြးေႏြးပြဲ ျပဳလုပ္ခဲ႔တာပါ။

Soundbite  ဦးေက်ာ္ထြန္းလင္း (အေထြေထြမန္ေနဂ်ာ)  GGI (Grand Guardian life Insurance) 

အာမခံထားရွိမယ့္ ကေလးငယ္ရဲ႕ ေမြးစာရင္း၊ မိဘေတြကိုယ္တိုင္ မွတ္ပုံတင္မိတၱဴနဲ႔ အာမခံ ေပးသြင္းရမွာ ျဖစ္ပါတယ္။ အာမခံထားရွိမယ့္ ေငြပမာဏမ်ားခဲ႔ရင္ ကေလးငယ္ကို GGI အာမခံကုမၸဏီက အခမဲဲဲဲဲဲဲ႔ ေဆးစစ္ေပးမွာ ျဖစ္ပါတယ္။

စာသင္သားအသက္အာမခံစနစ္အရ အာမခံထားရွိထားတဲ႔ ေငြကို တကၠသိုလ္တက္ေရာက္ႏို္င္တဲ႔ အသက္ ၁၇ ႏွစ္အရြယ္ကစၿပီး ၄ ႏွစ္အရစ္က်နဲ႔ ပညာေရးအတြက္ အေထာက္အကူျဖစ္ေအာင္ ထုတ္ေပးသြားမွာလည္း ျဖစ္ပါတယ္။

Soundbite  ဦးေက်ာ္ထြန္းလင္း (အေထြေထြမန္ေနဂ်ာ)  GGI (Grand Guardian life Insurance) 

အာမခံေပးသြင္းတဲ႔ကာလအတြင္း ကေလးငယ္ရဲ႕ မိဘ ဒါမွမဟုတ္ အုပ္ထိန္းသူဟာ အာမခံေၾကးေပးသြင္းေနတဲ႕ ၾကားကာလအတြင္းမွာ ဆံုးပါးသြားခဲ႔ရင္နဲ႔ တစ္စုံတစ္ခုေၾကာင့္ ထာ၀စဥ္မသန္စြမ္းျဖစ္ခဲ႔ရင္ အာမခံေၾကးကို ဆက္လက္ေပးသြင္းစရာမလိုပဲ GGI ကုမၸဏီက က်ခံေပးသြင္းမွာ ျဖစ္ပါတယ္။

ဒါ့အျပင္ အာမခံေပးသြင္းေနတဲ႔ကာလအတြင္း တစ္စုံတစ္ခုေၾကာင့္ အာမခံထားရွိထားတဲ႔ ကေလးငယ္ ဆုံးပါးသြားခဲ႔ပါကလည္း ေပးသြင္းထားတဲ႔ ေငြပမာဏကို မိဘထံ ျပန္လည္ထုတ္ေပးသြားမွာ ျဖစ္တယ္လို႔ GGI အေထြေထြမန္ေနဂ်ာက ေျပာပါတယ္ ခင္ဗ်ာ။

ကလေးငယ်တွေ အနာဂတ်ပညာရေးအတွက် အာမခံထားရှိနိုင်မယ့်အကြောင်းကို GGI (Grand Guardian life Insurance) အာမခံကုမ္ပဏီက မိတ်ဆက်ခဲ့ပါတယ်။ ဒီသတင်းကို MCN သတင်းထောက် တင်မာဆွေက ပေးပို့ထားပြီး တင်မောင်ထွေးက တင်ဆက်ပေးထားပါတယ်။

မြန်မာနိုင်ငံအတွက် စာသင်သားအသက်အာမခံစနစ်ကို ဂျပန်နိုင်ငံ Nippon Life ကုမ္ပဏီနဲ့ ပူးပေါင်းရေးစွဲထားတာဖြစ်ပြီး ကလေးတွေ အနာဂတ်ပညာရေးအတွက် အထောက်အပံပဖြေစ်စေဖို့ရည်ရွယ်ကာ လသားအရွယ်ကနေ အသက် ၁၂ နှစ်အထိ အာမခံထားရှိနိုင်မယ့်အကြောင်းကို GGI အာမခံကုမ္ပဏီက မိတ်ဆက်ခဲ့ပါတယ်။

စက်တင်ဘာလ ၆ ရက်နေ့က မုံရွာမြို့ ဝင်းယူနတီဟော်တယ်မှာ စာသင်သားအသက်အာမခံစနစ်အကြောင်း ဆွေးနွေးပွဲ ပြုလုပ်ခဲ့တာပါ။

Soundbite ဦးကျော်ထွန်းလင်း (အထွေထွေမန်နေဂျာ) GGI (Grand Guardian life Insurance)

အာမခံထားရှိမယ့် ကလေးငယ်ရဲ့ မွေးစာရင်း၊ မိဘတွေကိုယ်တိုင် မှတ်ပုံတင်မိတ္တူနဲ့ အာမခံ ပေးသွင်းရမှာ ဖြစ်ပါတယ်။ အာမခံထားရှိမယ့် ငွေပမာဏများခဲ့ရင် ကလေးငယ်ကို GGI အာမခံကုမ္ပဏီက အခမဲ့ ဆေးစစ်ပေးမှာ ဖြစ်ပါတယ်။

စာသင်သားအသက်အာမခံစနစ်အရ အာမခံထားရှိထားတဲ့ ငွေကို တက္ကသိုလ်တက်ရောက်နိ်ုင်တဲ့ အသက် ၁၇ နှစ်အရွယ်ကစပြီး ၄ နှစ်အရစ်ကျနဲ့ ပညာရေးအတွက် အထောက်အကူဖြစ်အောင် ထုတ်ပေးသွားမှာလည်း ဖြစ်ပါတယ်။

Soundbite ဦးကျော်ထွန်းလင်း (အထွေထွေမန်နေဂျာ) GGI (Grand Guardian life Insurance)

အာမခံပေးသွင်းတဲ့ကာလအတွင်း ကလေးငယ်ရဲ့ မိဘ ဒါမှမဟုတ် အုပ်ထိန်းသူဟာ အာမခံကြေးပေးသွင်းနေတဲ့ ကြားကာလအတွင်းမှာ ဆုံးပါးသွားခဲ့ရင်နဲ့ တစ်စုံတစ်ခုကြောင့် ထာဝစဉ်မသန်စွမ်းဖြစ်ခဲ့ရင် အာမခံကြေးကို ဆက်လက်ပေးသွင်းစရာမလိုပဲ GGI ကုမ္ပဏီက ကျခံပေးသွင်းမှာ ဖြစ်ပါတယ်။

ဒါ့အပြင် အာမခံပေးသွင်းနေတဲ့ကာလအတွင်း တစ်စုံတစ်ခုကြောင့် အာမခံထားရှိထားတဲ့ ကလေးငယ် ဆုံးပါးသွားခဲ့ပါကလည်း ပေးသွင်းထားတဲ့ ငွေပမာဏကို မိဘထံ ပြန်လည်ထုတ်ပေးသွားမှာ ဖြစ်တယ်လို့ GGI အထွေထွေမန်နေဂျာက ပြောပါတယ် ခင်ဗျာ။