ကုိးရီးယား အရည္အခ်င္းစစ္ စာေမးပြဲ ဝင္ေရာက္ေျဖဆုိဖုိ႔ ေလွ်ာက္လႊာထုတ္ယူသူ တစ္ေသာင္း ေက်ာ္ရွိ

0
65

ကိုရီးယားႏိုင္ငံမွာ အလုပ္လုပ္ကို္င္ႏိုင္ဖို႔  စိုက္ပ်ိဳးေရးနဲ႔ေမြးျမဴးလုပ္ငန္းက ေနရာေပါင္း ၁၀ဝ၀ ခန္႕အတြက္  ကုိရီးဘာသာအရည္အခ်င္းစစ္ စာေမးပြဲ ဝင္ေရာက္ေျဖဆိုဖုိ႔ ေလွ်ာက္လႊာ ထုတ္ယူသူဦးေရ တစ္ေသာင္းေက်ာ္ အထိရွိေၾကာင္း ရန္ကုန္တိုင္း အလုပ္သမားညႊန္ၾကားေရးဦးစီးဌာန ဒုတိယ တိုင္းဦးစီး ဦးေအာင္ေက်ာ္စိုးက ေျပာပါတယ္ ။

ၿပီးခဲ့တဲ့ ရက္ေတြကတည္းက ကိုရီးယားသင္တန္းေက်ာင္းေတြက တင္ျပထားတဲ့ လူဦးေရ စာရင္းအတုိင္း ေဖာင္၇၀၀၀ ခန္႔ေပးထားေၾကာင္းနဲ႔  လက္ရွိမွာ ေဖာင္ထုတ္ေပးတာနဲ႔ ျပန္တင္ထားတာနဲ႔ဆုိရင္ စုစုေပါင္း တစ္ေသာင္းေက်ာ္ေထာက္ထုတ္ေပးထားတယ္လုိ႔ ဒုတိယ တုိင္းဦးစီးက ေျပာပါတယ္။

လက္ရွိမွာ အလုပ္အကုိင္ေနရာအတြက္ စာေမးပြဲေလ်ွာက္လႊာေတြကုိ ေျမာက္ဒဂုံရွိ ပင္လုံခန္းမ မွာ စက္တင္ဘာလ ၁၄ ရက္နဲ႔ ၁၅ ရက္ေန႔မွာ ထုတ္ေပးျခင္းနဲ႔ ေဖာင္ျပန္တင္မႈေတြကုိ ေဆာင္ရြက္ေပးေနတာ ျဖစ္ပါတယ္။

ေတာင္ကိုရီးယားႏိုင္ငံကုိ ျမန္မာလုပ္သားေတြေစလႊတ္မႈကို ႏွစ္ႏိုင္ငံ အစိုးရရဲ႕  EPS စနစ္နဲ႔ ေစလႊတ္ ေနတာျဖစ္ၿပီး ကုန္ထုတ္လုပ္ငန္း၊ စိုက္ပ်ိဳး၊ေမြးျမဳေရး လုပ္ငန္းနဲ႔  ေဆာက္လုပ္ေရးလုပ္ငန္း အလုပ္အကိုင္ ေတြ အတြက္ ေခၚယူေနတာ ျဖစ္ပါတယ္။

ကိုးရီးယား အရည်အချင်းစစ် စာမေးပွဲ ဝင်ရောက်ဖြေဆိုဖို့ လျှောက်လွှာထုတ်ယူသူ တစ်သောင်း ကျော်ရှိ


ကိုရီးယားနိုင်ငံမှာ အလုပ်လုပ်ကိ်ုင်နိုင်ဖို့ စိုက်ပျိုးရေးနဲ့မွေးမြူးလုပ်ငန်းက နေရာပေါင်း ၁၀ဝဝ ခန့်အတွက် ကိုရီးဘာသာအရည်အချင်းစစ် စာမေးပွဲ ဝင်ရောက်ဖြေဆိုဖို့ လျှောက်လွှာ ထုတ်ယူသူဦးရေ တစ်သောင်းကျော် အထိရှိကြောင်း ရန်ကုန်တိုင်း အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ဒုတိယ တိုင်းဦးစီး ဦးအောင်ကျော်စိုးက ပြောပါတယ် ။


ပြီးခဲ့တဲ့ ရက်တွေကတည်းက ကိုရီးယားသင်တန်းကျောင်းတွေက တင်ပြထားတဲ့ လူဦးရေ စာရင်းအတိုင်း ဖောင်၇၀ဝ၀ ခန့်ပေးထားကြောင်းနဲ့ လက်ရှိမှာ ဖောင်ထုတ်ပေးတာနဲ့ ပြန်တင်ထားတာနဲ့ဆိုရင် စုစုပေါင်း တစ်သောင်းကျော်ထောက်ထုတ်ပေးထားတယ်လို့ ဒုတိယ တိုင်းဦးစီးက ပြောပါတယ်။


လက်ရှိမှာ အလုပ်အကိုင်နေရာအတွက် စာမေးပွဲလျှောက်လွှာတွေကို မြောက်ဒဂုံရှိ ပင်လုံခန်းမ မှာ စက်တင်ဘာလ ၁၄ ရက်နဲ့ ၁၅ ရက်နေ့မှာ ထုတ်ပေးခြင်းနဲ့ ဖောင်ပြန်တင်မှုတွေကို ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။


တောင်ကိုရီးယားနိုင်ငံကို မြန်မာလုပ်သားတွေစေလွှတ်မှုကို နှစ်နိုင်ငံ အစိုးရရဲ့ EPS စနစ်နဲ့ စေလွှတ် နေတာဖြစ်ပြီး ကုန်ထုတ်လုပ်ငန်း၊ စိုက်ပျိုး၊မွေးမြုရေး လုပ်ငန်းနဲ့ ဆောက်လုပ်ရေးလုပ်ငန်း အလုပ်အကိုင် တွေ အတွက် ခေါ်ယူနေတာ ဖြစ်ပါတယ်။