
0
110




ကိုယ်ဝန်ဆောင်မိခင်သေဆုံးမှု မြင့်တက်နေသေးကြောင်း ဒုသမ္မတ ပြော


လူနေမှု ဘဝနဲ့ကျန်းမာရေးဆိုင်ရာ အခြေခံအချက်အလက် စစ်တမ်းတွေအရ အရှင်မွေးကလေးတစ်သိန်းမှာ မိခင်သေဆုံးမှု ၁၇၈ဦး အထိကျဆင်းသွးပေမယ့် ကိုယ်ဝန်ဆောင်မိခင်သေဆုံးမှုက တော့ မြင့်မားနေဆဲ ဖြစ်ကြောင်း ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောကြားခဲ့ပါတယ်။


ဇူလိုင်လ ၁၁ ရက်နေ့က နေပြည်တော်ရှိ သင်္ဂဟ ဟိုတယ်မှာ ပြုလုပ်တဲ့ ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ် အခမ်းအနားမှာ အခုလို ပြောကြားခဲ့တာပါ။
မြန်မာနိုင်ငံရဲ့ မိခင်သေဆုံးမှုကို လေ့လာကြည့်မယ်ဆိုပါက ၁၉၉၀ ခုနှစ်မှာ အရှင်မွေးကလေး တစ်သိန်းမှာ ၄၃၅ ဦး ၊၂၀၁၄ခုနှစ် သန်းခေါင်စာရင်းတွေအရ အရှင်မွေးကလေးတစ်သိန်းမှာ ၂၈၂ ဦးထိ သေဆုံးခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် မိခင်သေဆုံးမှု မြင့်မားနေတဲ့ ဒေသတွေမှာ ချင်းပြည်နယ် ၊ ဧရာဝတီတိုင်းဒေသကြီး နဲ့မ ကွေးတိုင်းဒေသကြီးတို့မှာ တွေ့ရှိရကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ် ။