ကုိယ္ပုိင္ၿဂိဳဟ္တု (EOS) လႊတ္တင္ႏိုင္ဖို႔ ဂ်ပန္-ျမန္မာ ႏွစ္နုိင္ငံ တကၠသုိလ္ ေဆြးေႏြးခဲ့

0
138

ျမန္မာၿဂိဳဟ္တုစနစ္ရဲ႕ တတိယအဆင့္ျဖစ္တဲ့ ကုိယ္ပုိင္ၿဂိဳလ္တု Earth Observation Satellite (EOS) လႊတ္တင္နုိင္ဖို႔ ဂ်ပန္ ေဟာ့ကိုင္းဒုိး တကၠသုိလ္နဲ႔ ျမန္မာႏိုင္ငံ ေလေၾကာင္းႏွင့္ အာကာသပညာ တကၠသုိလ္တုိ႔ ပူးေပါင္းေဆြးေႏြးခဲ့ၿပီး ၂၀၁၉-၂၀၂၀ ဘ႑ာႏွစ္မွာ စတင္အေကာင္အထည္ ေဖာ္ႏိုင္ဖို႔ စီစဥ္ေနေၾကာင္း ပုိ႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရးဝန္ႀကီးဌာန အၿမဲတမ္း အတြင္းဝန္ ဦးဝင္းခန္႔ ကေျပာၾကားလိုက္ပါတယ္။

ေမလ ၁၃ ရက္ေန႔က ေနျပည္ေတာ္ရွိ ျပန္ၾကားေရး၀န္ႀကီးဌာနမွာ ျပဳလုပ္တဲ့ ႏိုင္ငံေတာ္အစုိးရရဲ႕ ျပည္သူ႔အတြက္ တတိယ တစ္ႏွစ္တာကာလအတြင္း ေဆာင္ရြက္ခဲ့မႈေတြနဲ႔ ပတ္သက္တဲ့ သတင္းစာ ရွင္းလင္းပြဲမွာ အခုလုိ ထည့္သြငး္ေျပာၾကားခဲ့တာပါ။

ျမန္မာၿဂိဳလ္တုစနစ္ တည္ေထာင္ေရး ပထမအဆင့္ Condosat စနစ္အတြက္ Myanmar Sat1 Condosat  ၿဂိဳလ္တုကုိ Intelast Satellite Operator ထံက ၿဂိဳလ္တုခ်ယ္နယ္ ၃၆၀ မဂၢါဟတ္ဇ္ကုိ ၂၀၁၆ ခုႏွစ္ ေမလက စတင္ၿပီး ငါးႏွစ္စာခ်ဳပ္ ခ်ဳပ္ဆုိငွားရမ္းခဲ့ေၾကာင္း ပုိ႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရး ဝန္ႀကီးဌာနက ေျပာပါတယ္။

ကိုယ်ပိုင်ဂြိုဟ်တု (EOS) လွှတ်တင်နိုင်ဖို့ ဂျပန်-မြန်မာ နှစ်နိုင်ငံ တက္ကသိုလ် ဆွေးနွေးခဲ့


မြန်မာဂြိုဟ်တုစနစ်ရဲ့ တတိယအဆင့်ဖြစ်တဲ့ ကိုယ်ပိုင်ဂြိုလ်တု Earth Observation Satellite (EOS) လွှတ်တင်နိုင်ဖို့ ဂျပန် ဟော့ကိုင်းဒိုး တက္ကသိုလ်နဲ့ မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသပညာ တက္ကသိုလ်တို့ ပူးပေါင်းဆွေးနွေးခဲ့ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ စတင်အကောင်အထည် ဖော်နိုင်ဖို့ စီစဉ်နေကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးဝင်းခန့် ကပြောကြားလိုက်ပါတယ်။


မေလ ၁၃ ရက်နေ့က နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနမှာ ပြုလုပ်တဲ့ နိုင်ငံတော်အစိုးရရဲ့ ပြည်သူ့အတွက် တတိယ တစ်နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုတွေနဲ့ ပတ်သက်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အခုလို ထည့်သွငး်ပြောကြားခဲ့တာပါ။


မြန်မာဂြိုလ်တုစနစ် တည်ထောင်ရေး ပထမအဆင့် Condosat စနစ်အတွက် Myanmar Sat1 Condosat ဂြိုလ်တုကို Intelast Satellite Operator ထံက ဂြိုလ်တုချယ်နယ် ၃၆၀ မဂ္ဂါဟတ်ဇ်ကို ၂၀၁၆ ခုနှစ် မေလက စတင်ပြီး ငါးနှစ်စာချုပ် ချုပ်ဆိုငှားရမ်းခဲ့ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။