
0
79




ကုလသမဂ္ဂမှာ အစီရင်ခံစာ တင်သွင်းရေး ကုလကိုယ်စားလှယ် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ကို ရှင်းလင်းတင်ပြ


ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စ ခရစ္စတင်း ရှရာနာ ဘာဂနာက သူ့ရဲ့ ရခိုင်ပြည်နယ် ခရီးစဉ် အတွေ့အကြုံ၊ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အထွေထွေညီလာခံမှာ အစီရင်ခံစာ တင်သွင်းရေးအတွက် ဆောင်ရွက်နေတဲ့ အစီအစဉ်တွေကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ ရှင်းလင်းပြောကြားခဲ့ပါတယ်။


နေပြည်တော်မှာ ဇူလိုင်လ ၁၅ ရက်နေ့က နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ အထူးကိုယ်စားလှယ် မစ္စ ခရစ္စတင်း ရှရာနာ ဘာဂနာတို့ တွေ့ဆုံစဉ် အခုလို ရှင်းလင်းပြောကြားခဲ့တာပါ။


ဒါ့အပြင် နေရပ်စွန့်ခွာသူတွေ ပြန်လည် လက်ခံရေးလုပ်ငန်းစဉ် စတင်ရေး၊ ရခိုင်ပြည်နယ်မှာ လူမှုအသိုက်အဝန်းတွေကြား သဟဇာတဖြစ်စွာ ပြန်လည် ပေါင်းစည်းရေး၊ ပညာရေး၊ ကျန်းမာရေးစတဲ့ အခြေခံလိုအပ်ချက်တွေ