ကီလို ၄၀ ရွိတဲ့ ပလတ္စတစ္အိတ္ကို စားမိတဲ့ ေဝလငါးေပါက္ ေသဆံုး

0
447

ေဝလငါးေပါက္ တစ္ေကာင္ဟာ ကီလို ၄၀ အေလးခ်ိန္ရွိတဲ့ ပလတ္စတစ္အိတ္ကို စားမိၿပီးေနာက္ အစာမေျခႏိုင္ဘဲ ေသဆံုးေနတာကို ဖိလစ္ပိုင္ကမ္းေျခတစ္ခုမွာ ေတြ႔ရွိခဲ့ပါတယ္။ ဒါေၾကာင့္ ျမစ္နဲ႔ ပင္လယ္ေတြထဲကို အမိႈက္ေတြ ပစ္မခ်ၾကဖို႔ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းသူေတြက ေတာင္းဆိုမႈေတြ ထြက္ေပၚလာပါတယ္။

၄ ဒသမ ၇ မီတာ ရွည္တဲ့ ေဝလငါးအထီး ဖိလစ္ပိုင္ ကမ္းေျခအနီး ေမ်ာေနတာကို မတ္လ ၁၆ ရက္ေန႔က ေတြ႔ရွိခဲ့တာ ျဖစ္ပါတယ္။ ၿမိဳခ်မိတဲ့ ပလတ္စတစ္အိတ္ႀကီးေၾကာင့္ အသက္႐ႈၾကပ္၊ အစာထပ္မစားႏိုင္ျဖစ္ၿပီး ေသြးေတြ အန္ထားပါတယ္။

ေဝလငါးေပါက္ ေသဆံုးၿပီးေနာက္ ေရေၾကာင္းဇီဝေဗဒ ပညာရွင္ ဒါေရး ဘလက္ခ်ေလနဲ႔ အဖြဲ႔က စစ္ေဆးၾကည့္ရာမွာ ေသဆံုးရတဲ့ အေၾကာင္းရင္းကို ရွာေတြ႔ခဲ့တာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကီလို ၄၀ ရှိတဲ့ ပလတ်စတစ်အိတ်ကို စားမိတဲ့ ဝေလငါးပေါက် သေဆုံး

ဝေလငါးပေါက် တစ်ကောင်ဟာ ကီလို ၄၀ အလေးချိန်ရှိတဲ့ ပလတ်စတစ်အိတ်ကို စားမိပြီးနောက် အစာမခြေနိုင်ဘဲ သေဆုံးနေတာကို ဖိလစ်ပိုင်ကမ်းခြေတစ်ခုမှာ တွေ့ရှိခဲ့ပါတယ်။ ဒါကြောင့် မြစ်နဲ့ ပင်လယ်တွေထဲကို အမှိုက်တွေ ပစ်မချကြဖို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းသူတွေက တောင်းဆိုမှုတွေ ထွက်ပေါ်လာပါတယ်။

၄ ဒသမ ၇ မီတာ ရှည်တဲ့ ဝေလငါးအထီး ဖိလစ်ပိုင် ကမ်းခြေအနီး မျောနေတာကို မတ်လ ၁၆ ရက်နေ့က တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ မြိုချမိတဲ့ ပလတ်စတစ်အိတ်ကြီးကြောင့် အသက်ရှုကြပ်၊ အစာထပ်မစားနိုင်ဖြစ်ပြီး သွေးတွေ အန်ထားပါတယ်။

ဝေလငါးပေါက် သေဆုံးပြီးနောက် ရေကြောင်းဇီဝဗေဒ ပညာရှင် ဒါရေး ဘလက်ချလေနဲ့ အဖွဲ့က စစ်ဆေးကြည့်ရာမှာ သေဆုံးရတဲ့ အကြောင်းရင်းကို ရှာတွေ့ခဲ့တာ ဖြစ်ပါတယ်။