ကိုရီးယား-ျမန္မာ စီးပြားေရး ပူးေပါင္းေဆာင္ရြက္မႈ စက္မႈဇုန္စီမံကိန္း (KMIC) ထူေထာင္ႏုိင္ေရး ေဆြးေႏြး

0
39

ကိုရီးယားသမၼႏိုင္ငံရဲ႕ ႏိုင္ငံျခားေရး မူဝါဒသစ္ျဖစ္တဲ့ ေတာင္ပိုင္းဆိုင္ရာမူဝါဒသစ္ (New Southern Policy) အရ ကိုရီးယား-ျမန္မာ စီးပြားေရး ပူးေပါင္းေဆာင္ရြက္မႈ စက္မႈဇုန္စီမံကိန္း (KMIC) ထူေထာင္ႏိုင္ဖို႔ ကိုရီးယားသမၼတ မြန္ေဂ်အင္းနဲ႔ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္တို႔ စက္တင္ဘာလ ၃ ရက္ေန႔က ေနျပည္ေတာ္မွာ ေဆြးေႏြးခဲ့ပါတယ္။

အဲဒီ စက္မႈဇုန္စီမံကိန္း ထူေထာင္ႏိုင္ေရးအတြက္ စတင္တဲ့ အထိမ္းအမွတ္ အခမ္းအနားကို ရန္ကုန္ၿမိဳ႕မွာ က်င္းပမွာျဖစ္ၿပီး ၂၀၁၈ ခုႏွစ္မွ ၂၀၂၂ ခုႏွစ္အထိ စီးပြားေရးဖြံ႔ၿဖိဳး တိုးတက္ေရးဆိုင္ရာ ပူးေပါင္းေဆာင္ရြက္မႈ အတြက္ ေခ်းေငြဆိုင္ရာ မူေဘာင္သေဘာတူညီခ်က္ကို ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ႏုိင္ငံျခား စီးပြားဆက္သြယ္ေရး ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးေသာင္းထြန္းနဲ႔ ကိုရီးယားသမၼတႏုိင္ငံ ႏိုင္ငံျခားေရး၀န္ႀကီး မစၥ ကန္ ကြ်န္းဝါတို႔ လက္မွတ္ေရးထိုးခဲ႔ပါတယ္။

ဒါ့အျပင္ ကုန္သြယ္ေရးနဲ႔ စက္မႈဆိုင္ရာ ပူးေပါင္းေဆာင္ရြက္ေရး နားလည္မႈစာခၽြန္လႊာနဲ႔ ကိုရီးယားႏိုင္ငံကေန ျမန္မာႏိုင္ငံမွာ လာေရာက္ ရင္းႏွီးျမႇဳပ္ႏွံမႈ ျပဳလုပ္ရာမွာ ပိုမိုလြယ္ကူေခ်ာေမြ႔ေစရန္ဖို႔ ရန္ကုန္ၿမိဳ႕မွာ သတင္းအခ်က္အလက္ စင္တာတစ္ခု တည္ေထာင္ေရးဆိုင္ရာ နားလည္မႈစာခၽြန္လႊာတို႔ကို စီးပြားေရးႏွင့္ ကူးသန္း ေရာင္းဝယ္ေရး ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာ သန္းျမင့္နဲ႔ ကိုရီးယားသမၼတႏုိင္ငံ ကုန္သြယ္ေရး၀န္ႀကီး မစၥ ယူ ေျမာင္ဟီးတို႔ လက္မွတ္ ေရးထိုးခဲ႔ၾကပါတယ္။

ကိုရီးယား-မြန်မာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု စက်မှုဇုန်စီမံကိန်း (KMIC) ထူထောင်နိုင်ရေး ဆွေးနွေး


ကိုရီးယားသမ္မနိုင်ငံရဲ့ နိုင်ငံခြားရေး မူဝါဒသစ်ဖြစ်တဲ့ တောင်ပိုင်းဆိုင်ရာမူဝါဒသစ် (New Southern Policy) အရ ကိုရီးယား-မြန်မာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု စက်မှုဇုန်စီမံကိန်း (KMIC) ထူထောင်နိုင်ဖို့ ကိုရီးယားသမ္မတ မွန်ဂျေအင်းနဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ စက်တင်ဘာလ ၃ ရက်နေ့က နေပြည်တော်မှာ ဆွေးနွေးခဲ့ပါတယ်။


အဲဒီ စက်မှုဇုန်စီမံကိန်း ထူထောင်နိုင်ရေးအတွက် စတင်တဲ့ အထိမ်းအမှတ် အခမ်းအနားကို ရန်ကုန်မြို့မှာ ကျင်းပမှာဖြစ်ပြီး ၂၀၁၈ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အတွက် ချေးငွေဆိုင်ရာ မူဘောင်သဘောတူညီချက်ကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းနဲ့ ကိုရီးယားသမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စ ကန် ကျွန်းဝါတို့ လက်မှတ်ရေးထိုးခဲ့ပါတယ်။


ဒါ့အပြင် ကုန်သွယ်ရေးနဲ့ စက်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာနဲ့ ကိုရီးယားနိုင်ငံကနေ မြန်မာနိုင်ငံမှာ လာရောက် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရာမှာ ပိုမိုလွယ်ကူချောမွေ့စေရန်ဖို့ ရန်ကုန်မြို့မှာ သတင်းအချက်အလက် စင်တာတစ်ခု တည်ထောင်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာတို့ကို စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်နဲ့ ကိုရီးယားသမ္မတနိုင်ငံ ကုန်သွယ်ရေးဝန်ကြီး မစ္စ ယူ မြောင်ဟီးတို့ လက်မှတ် ရေးထိုးခဲ့ကြပါတယ်။