ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသက တက္ကသိုလ်ဝင်တန်းအောင်ပြီးသူတွေ ဆေးတက္ကသိုလ်ကို လျှောက်နိုင်

0
55




ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသက တက္ကသိုလ်ဝင်တန်းအာင်ပြီးသူတွေ ဆေးတက္ကသိုလ်ကို လျှောက်နိုင်


ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသက တက္ကသိုလ်ဝင်တန်း အောင်ပြီးသူတွေ ဆေးတက္ကသိုလ်ကို အမှတ်ကန့်သတ် ချက်မရှိ လျှောက်ထားနိုင် တယ်လို့ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာနက ထုတ်ပြန်လိုက်ပါတယ်။


စက်တင်ဘာလ ၄ ရက်နေ့ က ထုတ်ပြန်ခဲ့တာဖြစ်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသက တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူတွေနဲ့ နိုင်ငံတော်က ထုတ်ပြန်ထားတဲ့ ဒေသစရိတ် ခံစားခွင့်ရှိတဲ့ လူမှုရေးခက်ခဲတဲ့ ဝေးလံဒေသက ကျောင်းသား၊ ကျောင်းသူတွေ ဟာ ဆေးတက္ကသိုလ်ကို အမှတ်ကန့်သတ်ချက်မရှိ လျှောက်ထား နိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


လျှောက်ထားသူတွေဟာ ၂၀၁၉ တက္ကသိုလ်ဝင်စာမေးပွဲကို သိပ္ပံဘာသာတွဲ နဲ့ အောင်မြင်ရ မှာဖြစ်ပြီး လျှောက်ထားသူနဲ့ မိဘနှစ်ပါးစလုံးဟာ နိုင်ငံသား စိစစ်ရေးကတ်ပြား (နိုင်)၊ (ပြု)၊ (ဧည့်) ကိုင်ဆောင်ထား ရမှာဖြစ်ကြောင်း ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။