ကာ့ဒ္ကို ထိုးစစ္ဆင္ရင္ တူရကီ စီးပြားေရး ဖ်က္ဆီးခံရမယ္လို႔ အေမရိကန္ သမၼတ သတိေပး

0
41

ကာ့ဒ္လက္နက္ကိုင္အဖြဲ႔ေတြကို ထုိးစစ္ဆင္ တိုက္ခိုက္မယ္ဆုိရင္ တူရကီႏုိင္ငံရဲ႕ စီးပြားေရးကို ဖ်က္ဆီးပစ္မယ္လို႔ အေမရိကန္ သမၼတ ေဒၚနယ္ထရမ့္က သတိေပးလုိက္ပါတယ္။

တူရကီအစုိးရတပ္ဖြဲ႔ဟာ တူရကီ-ဆီးရီးယားနယ္စပ္ရွိ ကာ့ဒ္လက္နက္ကိုင္ အဖြဲ႔ကို တုိက္ခုိက္ဖုိ႔ စီစဥ္ေနတာေၾကာင့္ နယ္စပ္ေဒသရိွ အေမရိကန္တပ္ဖြဲ႔ေတြလည္း ျပန္ဆုတ္ခြာေနပါတယ္။ ဆီးရီးယား အေရွ႕ေျမာက္ပိုင္းက အေမရိကန္တပ္ဖြဲ႔ေတြ ျပန္႐ုတ္သိမ္းေနမႈနဲ႔ ပတ္သက္လို႔ သတင္းေတြ ထြက္ေပၚေနခ်ိန္မွာ  အေမရိကန္ သမၼတက အခုလို ႐ုတ္တရက္ သတိေပးလုိက္တာ ျဖစ္ပါတယ္။

နယ္စပ္ေဒသမွာ ကာ့ဒ္လက္နက္ကိုင္ အဖြဲ႔ေတြအေပၚ စစ္ေရး ထုိးစစ္ဆင္မယ္ဆုိရင္ အေမရိကန္ ႏုိင္ငံက တူရကီကို ကူညီေထာက္ပ့ံေပးေတာ့မွာ မဟုတ္ေၾကာင္း၊ အဲဒီ ထုိးစစ္ဆင္မႈမွာလည္း အေမရိကန္တပ္ဖြဲ႔ေတြ ပါဝင္တုိက္ခုိက္မွာ မဟုတ္ေၾကာင္း အေမရိကန္ သမၼတက ေျပာပါတယ္။ ဆီးရီးယားရွိ ကာ့ဒ္လက္နက္ကိုင္အဖြဲ႔ေတြဟာ IS အစၥလာမ္ အၾကမ္းဖက္ အဖြဲ႔ေတြအေပၚ အေမရိကန္တပ္ဖြဲ႔ေတြအတူ ပူးေပါင္းတုိက္ခုိက္ ေနတာ ျဖစ္စ္ပါတယ္။

ကာ့ဒ်ကို ထိုးစစ်ဆင်ရင် တူရကီ စီးပွားရေး ဖျက်ဆီးခံရမယ်လို့ အမေရိကန် သမ္မတ သတိပေး

ကာ့ဒ်လက်နက်ကိုင်အဖွဲ့တွေကို ထိုးစစ်ဆင် တိုက်ခိုက်မယ်ဆိုရင် တူရကီနိုင်ငံရဲ့ စီးပွားရေးကို ဖျက်ဆီးပစ်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပါတယ်။

တူရကီအစိုးရတပ်ဖွဲ့ဟာ တူရကီ-ဆီးရီးယားနယ်စပ်ရှိ ကာ့ဒ်လက်နက်ကိုင် အဖွဲ့ကို တိုက်ခိုက်ဖို့ စီစဉ်နေတာကြောင့် နယ်စပ်ဒေသရှိ အမေရိကန်တပ်ဖွဲ့တွေလည်း ပြန်ဆုတ်ခွာနေပါတယ်။ ဆီးရီးယား အရှေ့မြောက်ပိုင်းက အမေရိကန်တပ်ဖွဲ့တွေ ပြန်ရုတ်သိမ်းနေမှုနဲ့ ပတ်သက်လို့ သတင်းတွေ ထွက်ပေါ်နေချိန်မှာ အမေရိကန် သမ္မတက အခုလို ရုတ်တရက် သတိပေးလိုက်တာ ဖြစ်ပါတယ်။

နယ်စပ်ဒေသမှာ ကာ့ဒ်လက်နက်ကိုင် အဖွဲ့တွေအပေါ် စစ်ရေး ထိုးစစ်ဆင်မယ်ဆိုရင် အမေရိကန် နိုင်ငံက တူရကီကို ကူညီထောက်ပံ့ပေးတော့မှာ မဟုတ်ကြောင်း၊ အဲဒီ ထိုးစစ်ဆင်မှုမှာလည်း အမေရိကန်တပ်ဖွဲ့တွေ ပါဝင်တိုက်ခိုက်မှာ မဟုတ်ကြောင်း အမေရိကန် သမ္မတက ပြောပါတယ်။ ဆီးရီးယားရှိ ကာ့ဒ်လက်နက်ကိုင်အဖွဲ့တွေဟာ IS အစ္စလာမ် အကြမ်းဖက် အဖွဲ့တွေအပေါ် အမေရိကန်တပ်ဖွဲ့တွေအတူ ပူးပေါင်းတိုက်ခိုက် နေတာ ဖြစ်စ်ပါတယ်။