
0
99


ဇူလိုင်လ ၂၀ ရက်နေ့က နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်တက္ကသိုလ် လာရောက်ချိန်မှာ ရန်ကုန်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ (ဗကသ) အဖွဲ့ဝင်တွေက ဆန္ဒပြစဉ်မှာ ကျောင်းသူတစ်ဦးက လိင်အကြမ်းဖက်ခံရမှုကို ဖြေရှင်းပေးဖို့ တောင်းဆိုတဲ့ပုံကို ကာတွန်း ကာဠု (ပြည်) က လှောင်ပြောင်တဲ့ စာသားတွေနဲ့ ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။


ကာတွန်း ကာဠု (ပြည်) ကို မြန်မာနိုင်ငံ ကာတွန်းဆရာများ အသင်းက သတိပေး


ကာတွန်းဆရာ ကာဠု (ပြည်) ကို မြန်မာနိုင်ငံ ကာတွန်းဆရာများ အသင်းက တွေ့ဆုံ သတိပေး ဆွေးနွေးခဲ့ကြောင်း ဇူလိုင်လ ၂၂ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာထားပါတယ်။


ဇူလိုင်လ ၂၀ ရက်နေ့က နိ်ုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်တက္ကသိုလ် လာရောက်ချိန်မှာ ရန်ကုန်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ (ဗကသ) အဖွဲ့ဝင်တွေက ဆန္ဒပြစဉ်မှာ ကျောင်းသူတစ်ဦးက လိင်အကြမ်းဖက်ခံရမှုကို ဖြေရှင်းပေးဖို့ တောင်းဆိုတဲ့ပုံကို ကာတွန်း ကာဠု (ပြည်) က လှောင်ပြောင်တဲ့ စာသားတွေနဲ့ ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။


အဲဒါကြောင့် ကာတွန်းရေးဆွဲခံရတဲ့ ကျောင်းသူက ဇူလိုင်လ ၂၂ ရက်နေ့မှာ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီကို တိုင်ကြားခဲ့ပြီး မြန်မာနိုင်ငံ ကာတွန်းဆရာများ အသင်းက စိတ်မကောင်း ဖြစ်မိကြောင်း၊ ကာတွန်း ကာဠု (ပြည်) ကို သတိပေးခဲ့ကြောင်း၊ အသင်းဝင် ကာတွန်းဆရာတွေ အနေနဲ့ စာနယ်ဇင်းဆိုင်ရာ ကျင့်ဝတ်စည်းကမ်းတွေနဲ့အညီ ရေးဆွဲကြဖို့ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။