ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေကို အသုံးချဟုဆို

0
145

● Victoria အမှုမှာ လိုက်ပါဆောင်ရွက်ပေးနေသူတွေကို မကြာသေးခင်ကမှ ပြင်ဆင် ပြဌာန်းထားတဲ့ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေနဲ့
တရားစွဲဆိုမှု ပြုနေတာနဲ့ အလက်ခံဆောင်ရွက်ပေးနေတာတွေဟာ အဲ့ဒီဥပဒေကို ရည်ရွယ်ချက်နဲ့ အသုံးချနေတာသာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ သတင်းမီဒီယာရှေ့နေကွန်ရက်ရဲ့ ဥက္ကဋ္ဌ တရားလွှတ်တော်ရှေ့နေ ဦးအောင်စိုးဦးက ပြောကြားလိုက်ပါတယ်။

● Victoria အမှုမှာ တရားခံအဖြစ်စွတ်စွဲခံရသူ အောင်ကြီးဘက်က လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်စုဒါလီအောင်ကို Wisdom Hill မူကြိုကျောင်း ကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်က တရားစွဲဆိုထားတဲ့ အမှုနဲ့ပတ်သက်တဲ့ ရုံးချိန်းကြားနာမှုအပြီး ဦးအောင်စိုးက အဲ့ဒီလိုပြောကြားလိုက်တာပါ။

● အပြည့်အစုံကို MCN သတင်းဌာနရဲ့ တရားဥပဒေစိုးမိုးရေးဆိုင်ရာ အထူးအစီအစဉ်မှာ ရှုစားနိုင်ကြမှာ ဖြစ်ပါတယ်။