ကရင္နီလူငယ္ ခူးၾကဴးဖဲေကးကုိ လြိဳင္ေကာ္တရား႐ံုးမွာ ႐ံုးထုတ္စစ္ေဆး

0
144

ဗုိလ္ခ်ဳပ္ေၾကး႐ုပ္တုကိစၥနဲ႔ ပတ္သက္ၿပီး တရားစြဲဆိုခံထားရတဲ့ ကရင္နီလူငယ္ ခူးၾကဴးဖဲေကးကို ကယားျပည္နယ္၊ လြိဳင္ေကာ္တရား႐ံုးမွာ ႐ံုးထုတ္စစ္ေဆးခဲ့ပါတယ္။

ဒီကေန႔ ဇြန္လ ၁၇ ရက္ေန႔မွာ ၂၀၁၇ ခု ႏုိင္ငံသားမ်ား၏ ပုဂၢိဳလ္ဆုိင္ရာ လြတ္လပ္မႈ၊ လုံၿခံဳမႈကုိ ကာကြယ္ေပးေရး ဥပေဒပုဒ္မ ၁၀ နဲ႔ ဖမ္းဆီးတရားစြဲဆုိခံထားရတဲ့ ကရင္နီလူငယ္  ခူးၾကဴးဖဲေကး (ေခၚ) ဂူးဂူးကုိ လြိဳင္ေကာ္ၿမိဳ႕နယ္ တရား႐ုံးမွာ ႐ံုးထုတ္စစ္ေဆးခဲ့တာပါ။ ကယားျပည္နယ္ဝန္ႀကီးခ်ဳပ္ အပါအဝင္ ျပည္နယ္စီမံ/ဘ႑ာဝန္ႀကီးနဲ႔ ေၾကး႐ုပ္ ျဖစ္ေျမာက္ေရး ေကာ္မတီကို ႏိုင္ငံေရးရာဇဝတ္ေကာင္မ်ား၊ ကရင္နီအမ်ိဳးသား သစၥာေဖာက္ဆုိၿပီး ကရင္နီလူငယ္ေတြက မတ္လ ၂၅ ရက္မွာ  ထုတ္ျပန္ေၾကညာခဲ့တာပါ။

အဲဒီေၾကညာခ်က္မွာ ပါ၀င္လက္မွတ္ေရးထုိးခဲ့တဲ့ လူငယ္ ေျခာက္ဦးျဖစ္တဲ့ ကိုစစ္မုန္း (ခ) ဒီးဒီ၊ မ်ိဳးလိႈင္ဝင္း၊ ဂ်ြန္ေပါလ္၊ ခူးရီးဒူ၊ ခူးၾကဴးဖဲေကး၊ ခြန္းေသာမတ္စ္တို႔ကုိ ျပည္နယ္အစုိးရက ပုဂိၢဳလ္ဆိုင္ရာ လြတ္လပ္မႈ၊ လံုၿခံဳမႈကို ကာကြယ္ေပးေရး ဥပေဒ ပုဒ္မ ၁၀ နဲ႔ ေမလ ၁၆ ရက္ေန႔က တရားစြဲဆုိခဲ့တာျဖစ္ပါတယ္။

ကရင်နီလူငယ် ခူးကြူးဖဲကေးကို လွိုင်ကော်တရားရုံးမှာ ရုံးထုတ်စစ်ဆေး

ဗိုလ်ချုပ်ကြေးရုပ်တုကိစ္စနဲ့ ပတ်သက်ပြီး တရားစွဲဆိုခံထားရတဲ့ ကရင်နီလူငယ် ခူးကြူးဖဲကေးကို ကယားပြည်နယ်၊ လွိုင်ကော်တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။

ဒီကနေ့ ဇွန်လ ၁၇ ရက်နေ့မှာ ၂၀၁၇ ခု နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှု၊ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေပုဒ်မ ၁၀ နဲ့ ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့ ကရင်နီလူငယ် ခူးကြူးဖဲကေး (ခေါ်) ဂူးဂူးကို လွိုင်ကော်မြို့နယ် တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့တာပါ။ ကယားပြည်နယ်ဝန်ကြီးချုပ် အပါအဝင် ပြည်နယ်စီမံ/ဘဏ္ဍာဝန်ကြီးနဲ့ ကြေးရုပ် ဖြစ်မြောက်ရေး ကော်မတီကို နိုင်ငံရေးရာဇဝတ်ကောင်များ၊ ကရင်နီအမျိုးသား သစ္စာဖောက်ဆိုပြီး ကရင်နီလူငယ်တွေက မတ်လ ၂၅ ရက်မှာ ထုတ်ပြန်ကြေညာခဲ့တာပါ။

အဲဒီကြေညာချက်မှာ ပါဝင်လက်မှတ်ရေးထိုးခဲ့တဲ့ လူငယ် ခြောက်ဦးဖြစ်တဲ့ ကိုစစ်မုန်း (ခ) ဒီးဒီ၊ မျိုးလှိုင်ဝင်း၊ ဂျွန်ပေါလ်၊ ခူးရီးဒူ၊ ခူးကြူးဖဲကေး၊ ခွန်းသောမတ်စ်တို့ကို ပြည်နယ်အစိုးရက ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှု၊ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေ ပုဒ်မ ၁၀ နဲ့ မေလ ၁၆ ရက်နေ့က တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။