“ကမ္ဘာ့သတင်းတွေထဲက မြန်မာ” “Myanmar In World News”
0
112
မင်္ဂလာပါ။ MCN သတင်းဌာနက စီစဉ်တင်ဆက်ပေးနေတဲ့ “ကမ္ဘာ့သတင်းတွေထဲက မြန်မာ” အစီအစဉ်က ကြိုဆိုပါတယ်။ ဒီအစီအစဉ်မှာဆိုရင်တော့ ကမ္ဘာ့သတင်းမီဒီယာ အသီးသီးမှာ ဖော်ပြနေကြတဲ့ မြန်မာနိုင်ငံဆိုင်ရာ သတင်းတွေထဲက ထိပ်တန်းရောက်သတင်းတွေကို ထုတ်နုတ် တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီကနေ့ ၂၀၁၉ ခုနှစ်၊ဇွန် ၂၄ ရက်၊ တနင်္လာနေ့ နေ့လည်ပိုင်းအချိန်အထိ နောက်ဆုံးရရှိထားတဲ့ ကမ္ဘာ့သတင်းမီဒီယာ အသီးသီးမှာ ဖော်ပြနေကြတဲ့ မြန်မာနိုင်ငံဆိုင်ရာ သတင်းတွေမှာဆိုရင်တော့ –
HL-1 နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က ရခိုင်ပြည်နယ်အရေး ကူညီဖြေရှင်းမှုအတွက် အာဆီယံကို ကျေးဇူးတင်ကြောင်း ပြောလိုက်တဲ့သတင်း
HL-2 ၃၄ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးမှာ ဘင်္ဂါလီ မွတ်စလင်အရေးနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံကို အာဆီယံ ခေါင်းဆောင်တွေက ဝေဖန်ပြစ်တင်မှု မလုပ်ခဲ့တဲ့အကြောင်း
HL-3 ဘင်္ဂါလီ မွတ်စလင်တွေအကြောင်း ရိုက်ကူးထားတဲ့ ပြည်ပြေး (Exiled) အမည်ရှိ ရုပ်သံမှတ်တမ်း ထွက်ရှိလာတဲ့သတင်း
စတဲ့သတင်းတွေနဲ့အတူ အခြား ကမ္ဘာ့သတင်းတွေထဲကနေ ထိပ်တန်းရောက်ရှိနေတဲ့ မြန်မာနိုင်ငံဆိုင်ရာ သတင်းတွေကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။