ကမ္ဘာ့အကြပ်တည်းဆုံး ခြေ/ဥ အကြပ်အတည်း ခေါင်ဆောင်တွေ ဆွေးနွေးဖို့လို

0
108





● အခြေခံဥပဒေ ပြင်ဆင်ရေးမှာ တပ်မတော် မထောက်ခံရင် ရှေ့ဆက်တိုးလို့မရတဲ့ ကမ္ဘာ့အကြပ်တည်းဆုံး အခြေခံဥပဒေ အကြပ်အတည်းကြီးဖြစ်နေတဲ့အတွက် ခေါင်းဆောင်တွေ ဆွေးနွေးညှိနှိုင်းကြဖို့ အလွန်အရေးကြီးနေပြီလို့ မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းက ပြောကြားလိုက်ပါတယ်။

● ဖြစ်ပေါ်နေတဲ့ အခြေခံဥပဒေအကြပ်အတည်းကို အရပ်ဖက် နိုင်ငံရေးခေါင်း ဆောင်တွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ တပ်မတော်ခေါင်းဆောင်တွေ ထိပ်သည်းဆွေးနွေးမှုအနေနဲ့ ဆွေးနွေး အဖြေရှာကြဖို့ကိုလည်း ဒေါက်တာရန်မျိုးသိမ်းက တိုက်တွန်းလိုက်တာပါ။

● ဇူလိုင်လ ၃၀ ရက်နေ့ ပြည်ထောင်စုလွှတ်တော်မှာ အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီရဲ့ အချက်ပေါင်း ၃၇၀ဝ ကျော်ပါဝင်တဲ့ အစီရင်ခံစာအပေါ် လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးမှုနဲ့ပတ်သက်ပြီး ဆက်သွယ်မေးမြန်းရာမှာ အဲ့ဒီလို ပြောကြားလိုက်တာဖြစ်ပါတယ်။