ကမ္ဘာတစ်လွှားက ထင်ရှားတဲ့ အမျိုးသမီး ၁၀ ဦး

0
463

အမျိုးသမီးတွေဟာ ကမ္ဘာတစ်ဝန်းမှာ သူတို့ရဲ့အခွင့်အရေးတွေအတွက် တိုက်ပွဲဝင်နေကြပါတယ်။ အမျိုးသမီးတွေဟာ တန်းတူအခွင့် အရေးတွေ ရရှိဖို့ တစ်လျှောက်လုံးကြိုးစားလာခဲ့ပြီး ခုချိန်မှာတော့ အမျိုးသမီးနဲ့ အမျိုးသားတွေကို အဆင့်အတန်းခွဲထားတဲ့ နံရံကြီးကို အပြီးပြတ်မဟုတ်ရင်တောင် အတိုင်းအတာတစ်ခုထိ ဖြိုချနိုင်နေပြီဖြစ်ပါတယ်။ အေအက်ဖ်ပီသတင်းဌာနက ရွေးချယ်ဖော်ပြခဲ့တဲ့ ကမ္ဘာ့ နိုင်ငံရေးခေါင်းဆောင် အမျိုးသမီး ၁၀ ကို ပြန်လည်တင်ပြလိုက်ပါတယ်။

mer

(၁) အန်ဂျယ်လာ မာကယ်

အသက် ၆၂ နှစ်ရှိတဲ့ မာကယ်ဟာဂျာမနီရဲ့ပထမဆုံးအမျိုးသမီး အဓိပဓိ မာကယ်ဟာ ၂၀၀၅ ခုနှစ်မှာ ဂျာမနီရဲ့ ဥသျှောင်ဖြစ်လာပြီးတဲ့ နောက်မှာ သမိုင်းတစ်လျှောက် ဥရောပရဲ့ အင်အားအကောင်းဆုံးစီးပွားရေးတစ်ရပ်ကို ဖော်ဆောင်နိုင်ခဲ့ပါတယ်။ ဂျာမနီအဓိပဓိအဖြစ် သုံး ကြိမ်ဆက်ထမ်းဆောင်ခဲ့ပြီး ၂၀၁၃ ဟာ သူ့ရဲ့ တတိယသက်တမ်းစတင်တဲ့နှစ်ဖြစ်ပါတယ်။ ဘဏ္ဍာရေးနဲ့စီးပွားရေးပြဿနာတွေ ဖြစ် ပေါ်ချိန် မှာ အဓိကအကြံဉာဏ်တွေ ပေးနိုင်တဲ့ ခေါင်းဆောင်တစ်ဦးဖြစ်သလို နိုင်ငံရေးနဲ့ကမ္ဘာ့ ရွှေ့ပြောင်းအရေး ကိစ္စတွေမှာလည်း အဓိက ပါဝင် ခဲ့သူဖြစ်ပါတယ်။

tm

(၂) ထရီဇာ မေ

မာဂရက်သက်ချာပြီးရင် ဗြိတိန်ရဲ့ ဒုတိယမြောက်အမျိုးသမီးဝန်ကြီးချုပ်ဖြစ်ပါတယ်။ အသက် ၅၉ နှစ်ရှိပြီး ဒီနှစ် ဇူလိုင် ၂၃ မှာ တာဝန် စတင်ထမ်းဆောင်ခဲ့ပါတယ်။ မေ မတက်ခင်မှာ ဗြိတိန်ဝန်ကြီးချုပ်က ဒေးဗစ်ကင်မရွန်ဖြစ်ပြီး သူဟာ ဥရောပသမဂ္ဂကနေ ဗြိတိန်နုတ်ထွက် ဖို့ လူထုဆန္ဒခံယူပွဲ ရလဒ်ထွက်ပေါ်ခဲ့တာကြောင့် အနားယူခဲ့တာပါ။ မေဟာ ၂၀၁၀ ကတည်းက ပြည်ထဲရေးဝန်ကြီးဖြစ်ပြီး ဗြိတိန် အီးယူက ခွဲမထွက်ရေး စည်းရုံးခဲ့သူလည်းဖြစ်ပါတယ်။ ဒါပေမဲ့ အီးယူကနုတ်ထွက်ပြီးနောက်မှာလည်း ငြင်သာတဲ့ ကတ္တီပါလမ်းခွဲဖြစ်ဖို့ ညှိနှိုင်းဆွေး နွေးရေးမှာ တာဝန်ခံရမယ့်လူတစ်ယောက်လည်း ဖြစ်ပါတယ်။

hl

(၃) ဟီလာရီ ကလင်တန်

အသက် ၆၈ နှစ်အရွယ် ကလင်တန်ဟာ ၁၉၉၃ ကနေ ၂၀၀၁ ထိ သမ္မတကတော်အဖြစ် အိမ်ဖြူတော်မှာနေခဲ့ပြီး နယူးယော့ခ်ပြည်နယ် အထက်လွှတ်တော်ဟောင်းနဲ့ အိုဘားမားလက်ထက် နိုင်ငံခြားရေးဝန်ကြီးဟောင်းလည်း ဖြစ်ပါတယ်။ ခုချိန်မှာတော့ သမ္မတတစ်ယောက် ဖြစ်ဖို့ ကြိုးစားနေပြီး ၂၀၁၆ သမ္မတရွေးကောက်ပွဲအတွက်နိုင်ငံရေးပါတီကြီးတစ်ခုရဲ့ ပထမဆုံးအမျိုးသမီးသမ္မတလောင်းတစ်ယောက် ဖြစ် ပါတယ်။

 

sk

(၄) (ဒေါ်)အောင်ဆန်းစုကြည်

အသက် ၇၁ နှစ်အရွယ် နိုဘယ်ငြိမ်းချမ်းရေးဆုရှင်ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာပြည်ရဲ့ ဒီမိုကရေစီခေါင်းဆောင်ဖြစ်ပါတယ်။ ဒါပေမဲ့ သူဟာ စစ်အစိုးရက ရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့် သူဟာ သမ္မတဖြစ်ခွင့်မရှိပါဘူး။ သူဟာ နှစ်ပေါင်းများစွာ နေအိမ်အကျယ် ချုပ်ဘဝနဲ့နေခဲ့ရပြီး ၂၀၁၅ နိုဝင်ဘာ ရွေးကောက်ပွဲအပြီးမှတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်လာဖြစ်လာခဲ့ပါတယ်။ တစ်နည်း အားဖြင့် ဒီရာထူးဟာ ဝန်ကြီးချုပ်အဆင့်ပါပဲ။ သူဟာ သူ့အတွင်းလူတစ်ဦးကို သမ္မတတာဝန်ထမ်းဆောင်ဖို့ နေရာချထားခဲ့ပါတယ်။

ejs

(၅) အယ်လန်ဂျွန်ဆင်ဆာလိဖ်

Iron Lady လို့ ခေါ်ကြတဲ့ လိုက်ဘေးရီးယားနိုင်ငံက ဆာလိဖ်ဟာ ၂၀၀၅ နိုဝင်ဘာ ရွေးကောက်ပွဲမှာအနိုင်ရပြီး အာာဖရိကရဲ့ပထမဆုံး အမျိုးသမီးသမ္မတ ဖြစ်ခဲ့ပါတယ်။ အသက် ၇၇ နှစ်ရှိပြီး နိုဘယ်ဆုလည်း ရရှိထားသူပါ။ စီးပွားရေးပညာရှင်၊ နိုင်ငံတကာပြည်သူ့ဝန်ထမ်း ဟောင်းနဲ့ဘဏ္ဍာရေးဝန်ကြီးဟောင်းဖြစ်သလို ၂၀၁၁ မှာလည်း သမ္မတ ဒုတိယသက်တမ်း ထပ်မံအုပ်ချုပ်ခွင့်ရခဲ့ပါတယ်။

 

mb

(၆) မစ်ချယ်ဘက်ချလက်

အသက် ၆၄ နှစ်အရွယ် ချီလီနိုင်ငံက ဘတ်ချလက်ဟာ လက်ရှိအချိန်မှာ လက်တင်အမေရိကဒေသရဲ့ တစ်ဦတည်းသော အာဏာရ အမျိုးသမီး ဖြစ်ပါတယ်။ အာနက်စတိုပီနိုချက်လက်ထက်မှာ အတိုက်အခံတစ်ယောက်အဖြစ် ရပ်တည်ခဲ့လို့လည်း နှိပ်စက်ခံခဲ့ရပါတယ်။ ၂၀၀၆ ကနေ ၂၀၁၀ ထိ သမ္မတအဖြစ် အုပ်ချုပ်ခဲ့ပါတယ်။ အဲဒီမတိုင်ခင်မှာ လက်တင်အမေရိကရဲ့ ပထမဆုံး အမျိုးသမီးကာကွယ်ရေး ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်။ ၂၀၁၃ ဒီဇင်ဘာမှာ နောက်တစ်ကြိမ် သမ္မတ ဖြစ်လာခဲ့ပါတယ်။

 

imf

(၇) ခရစ္စတင်းလာဂါဒီ

နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့(IMF)ရဲ့ ပထမဆုံးအမျိုးသမီးအကြီးအကဲ အသက် ၆၀ အရွယ် လာဂါဒီဟာ ၂၀၁၁ မှာတော့ အကြွေး ပြဿနာတွေအကြား ရအောင်ရပ်တည်ဖြေရှင်းခဲ့ပြီး IMF ရဲ့ အကြီးအကဲအဖြစ် ထပ်ရွေးကောက်ခန့်အပ်ခံခဲ့ရပါတယ်။ လုပ်ငန်း၊အဖွဲ့အစည်း လုပ်ထုံးလုပ်နည်းဆိုင်ရာ ရှေ့နေဟောင်းတစ်ဖြစ်လဲ လာဂါဒီဟာ ပြင်သစ်နိုင်ငံရဲ့ ပထမဆုံးအမျိုးသမီးဘဏ္ဍာရေး ဝန်ကြီးလည်း ဖြစ်ပါတယ်။

 

jy

(၈) ဂျန်နက်ယဲလန်

အသက် ၆၉ နှစ်ရှိပြီဖြစ်တဲ့ ယဲလန်ဟာ ၂၀၁၃ မှာ အမေရိကန် ဗဟိုဘဏ်ရဲ့အကြီးအကဲ ဖြစ်လာပါတယ်။ အဲဒီမတိုင်ခင်က ဒီရာထူးကို အမျိုးသားတွေပဲ သီးသန့်ရရှိတာပါ။ ယဲလန်ဟာ ဟားဗတ်တက္ကသိုလ်က ပါမောက္ခဟောင်းတစ်ဦးဖြစ်သလို အမေရိကန်သမ္မတဟောင်း ဘီကလင်တန်ရဲ့ စီးပွားရေးပညာရှင်ဟောင်းတစ်ယောက်လည်း ဖြစ်ပါတယ်။

 

ib

(၉) အီရီနာ ဘိုကိုဗာ

ဘူဂေးရီးယားက အသက် ၆၄ နှစ်အရွယ် ဘိုကိုဗာဟာ ၂၀၀၉ မှာ ကုလသမဂ္ဂ ယဉ်ကျေးမှုအဖွဲ့အစည်း UNESCO ရဲ့ ပထမဆုံး အမျိုးသမီးအကြီးအကဲ ဖြစ် လာခဲ့ပါတယ်။ UNESCO ဟာ ပညာရေး၊ ယဉ်ကျေးမှုအမွေအနှစ်နဲ့ လွတ်လပ်စွာထုတ်ဖော်ခွင့်အတွက် ဆောင်ရွက်နေတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။ ၂၀၁၃ မှာ အကြီးအကဲ နောက်တစ်ကြိမ်တင်မြှောက်ခံရတဲ့ ဘိုကိုဗာဟာ အမျိုးသမီးတွေ တန်းတူညီမျှအခွင့်အရေး ရရှိရေး အတွက်လည်း UNESCO မှာ ဆောင်ရွက်နေပါတယ်။

 

mc

(၁၀) မာဂရက်ချန်

တုပ်ကွေးနဲ့ဆားစ်ရောဂါတွေ ပြန့်ပွားနေချိန်မှာ ဟောင်ကောင် ကျန်းမာရေးဌာနကို အုပ်ချုပ်ခဲ့တဲ ပါရဂူတစ်ယောက် ဖြစ်ပါတယ်။ လက်ရှိမှာ အသက် ၆၈ နှစ်ရှိပါပြီ။ ချန်ဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှူးဖြစ်သလို အမျိုးသမီးတွေကျန်းမာရေး ကိုလည်း WHO ရဲ့ ဦးစားပေးကိစ္စတွေထဲမှာ မပါအဖြစ် ထည့်သွင်းခဲ့သူ ဖြစ်ပါတယ်။

 

Ref; AFP