ကမာၻ႔ဖလား ဒုတိယအဆင့္ ေျခစစ္ပြဲ ဂ်ပန္ကို ျမန္မာက ၂ ဂိုးျပတ္နဲ႔ ႐ံႈးနိမ့္

0
40

ရန္ကုန္ၿမိဳ႕၊ သုဝဏၰ အားကစားကြင္းမွာ မေန႔ စက္တင္ဘာလ ၁၀ ရက္ေန႔က က်င္းပတဲ့ ၂၀၂၂ ကမာၻ႔ဖလား ဒုတိယအဆင့္ ေျခစစ္ပြဲမွာ ျမန္မာ့လက္ေရြးစင္အသင္းက အာရွထိပ္သီး ဂ်ပန္အသင္းကို ၂ ဂိုး ဂိုးမရွိနဲ႔ ႐ံႈးနိမ့္ခဲ့ပါတယ္။

ျမန္မာအသင္းဟာ ဒီပြဲမတိုင္ခင္ မြန္ဂိုလီးယား အသင္း ကိုလည္း ႐ံႈးနိမ့္ထားပါတယ္။ ဂ်ပန္အသင္းနဲ႔ ကစားတဲ့ပြဲမွာ ျမန္မာအသင္းဟာ ခံစစ္အသားေပးပံုစံနဲ႔ ကစားခဲ့ပါတယ္။ ပထမပိုင္း ၁၆ မိနစ္မွာ ဂ်ပန္အသင္းက နာကာဂ်ီးမားက အေဝးကေန ကန္သြင္းၿပီး ပထမဂိုးကို ရရွိခဲ့ပါတယ္။ ဒုတိယဂိုးကို ၂၆ မိနစ္မွာ မီနာမီႏိုက ေခါင္းတိုက္သြင္းယူခဲ့တာ ျဖစ္ပါတယ္။ 

ထူးျခားမႈအေနနဲ႔ ဂ်ပန္ပရိသတ္ထဲမွာ “ဂ်ပန္ေဘာလံုး အားကစားကို ႀကီးမားတဲ့ အက်ိဳးသက္ေရာက္မႈေတြ ေပးစြမ္းခဲ့တဲ့ ဦးေက်ာ္ဒင္နဲ႔ သူ႔ရဲ႕ မိခင္ျမန္မာႏိုင္ငံအား ေက်းဇူးတင္လွ်က္ပါ” ဆိုတဲ့ ဦးေက်ာ္ဒင္ပံုနဲ႔ စာတမ္းပါ ပိုစတာနဲ႔ အားေပးခဲ့တာ ေတြ႔ရပါတယ္။ ဦးေက်ာ္ဒင္ဟာ ၁၉၂၃ ခုႏွစ္တုန္းက ဂ်ပန္ႏိုင္ငံမွာ အဂၤလိပ္ဘာသာနဲ႔ ေဘာလုံးကစားနည္း နည္းစနစ္စာအုပ္ တစ္အုပ္ကုိ How to play Association Football အမည္နဲ႔ ေရးသားထုတ္ေဝခဲ့ဖူးပါတယ္။

ကမ္ဘာ့ဖလား ဒုတိယအဆင့် ခြေစစ်ပွဲ ဂျပန်ကို မြန်မာက ၂ ဂိုးပြတ်နဲ့ ရှုံးနိမ့်


ရန်ကုန်မြို့၊ သုဝဏ္ဏ အားကစားကွင်းမှာ မနေ့ စက်တင်ဘာလ ၁၀ ရက်နေ့က ကျင်းပတဲ့ ၂၀၂၂ ကမ္ဘာ့ဖလား ဒုတိယအဆင့် ခြေစစ်ပွဲမှာ မြန်မာ့လက်ရွေးစင်အသင်းက အာရှထိပ်သီး ဂျပန်အသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။


မြန်မာအသင်းဟာ ဒီပွဲမတိုင်ခင် မွန်ဂိုလီးယား အသင်း ကိုလည်း ရှုံးနိမ့်ထားပါတယ်။ ဂျပန်အသင်းနဲ့ ကစားတဲ့ပွဲမှာ မြန်မာအသင်းဟာ ခံစစ်အသားပေးပုံစံနဲ့ ကစားခဲ့ပါတယ်။ ပထမပိုင်း ၁၆ မိနစ်မှာ ဂျပန်အသင်းက နာကာဂျီးမားက အဝေးကနေ ကန်သွင်းပြီး ပထမဂိုးကို ရရှိခဲ့ပါတယ်။ ဒုတိယဂိုးကို ၂၆ မိနစ်မှာ မီနာမီနိုက ခေါင်းတိုက်သွင်းယူခဲ့တာ ဖြစ်ပါတယ်။


ထူးခြားမှုအနေနဲ့ ဂျပန်ပရိသတ်ထဲမှာ “ဂျပန်ဘောလုံး အားကစားကို ကြီးမားတဲ့ အကျိုးသက်ရောက်မှုတွေ ပေးစွမ်းခဲ့တဲ့ ဦးကျော်ဒင်နဲ့ သူ့ရဲ့ မိခင်မြန်မာနိုင်ငံအား ကျေးဇူးတင်လျှက်ပါ” ဆိုတဲ့ ဦးကျော်ဒင်ပုံနဲ့ စာတမ်းပါ ပိုစတာနဲ့ အားပေးခဲ့တာ တွေ့ရပါတယ်။ ဦးကျော်ဒင်ဟာ ၁၉၂၃ ခုနှစ်တုန်းက ဂျပန်နိုင်ငံမှာ အင်္ဂလိပ်ဘာသာနဲ့ ဘောလုံးကစားနည်း နည်းစနစ်စာအုပ် တစ်အုပ်ကို How to play Association Football အမည်နဲ့ ရေးသားထုတ်ဝေခဲ့ဖူးပါတယ်။