ကမ္ဘာလှည့်ခရီးသွားတွေ ကိုယ်ပိုင်ကားများနဲ့ လာရောက်လည်ပတ်

0
291

နယူးဇီလန်နိုင်ငံသား ကမ္ဘာလှည့်ခရီးသည် ၁၃ ဦးဟာ ဇူလိုင်လ ၈ ရက်နေ့မှာ သူတို့ ကိုယ်ပိုင် မော်တော်ယာဉ် ၆ စီးနဲ့ ထိုင်း-မြန်မာ နယ်စပ် မြဝတီဂိတ်ကနေ ဝင်ရောက်လာပြီး မြန်မာနိုင်ငံ အနှံ့အပြား လည်ပတ်ကာ ဇူလိုင်လ ၁၉ ရက်နေ့မှာ ထိုင်းနိုင်ငံကို ပြန်လည် ထွက်ခွာသွားပါတယ်။

ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနရဲ့ ကြီးကြပ်မှု၊ Traventure Travel & Tour ကုမ္ပဏီရဲ့ စီစဉ်မှုနဲ့ လာရောက် လည်ပတ်ကြတာဖြစ်ပြီး မြဝတီ၊ ဘားအံ၊ ရန်ကုန်၊ ပုဂံ၊ မန္တလေး၊ အင်းလေး၊ နေပြည်တော်၊ ကျိုက်ထိုတို့ကို သွားရောက်ခဲ့ကြကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။