
0
125


သြဂုတ်လ ၁၆ ရက်နေ့က မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီဝင်းရှိ မြို့တော်ခန်းမ ပြုလုပ်တဲ့ ကင်းထောက်မောင်မယ်တွေနဲ့ တွေ့ဆုံပွဲမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် က ပြောကြားခဲ့တာပါ။


ကတိပေးပြီး အလေးမထားသူတွေ စိတ်လွတ်လပ်မှုရှိမှာ မဟုတ်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည် ပြော


ကတိတစ်ခုကို လွယ်လွယ်ပေးပြီး အလေးမထားသူတွေ စိတ်လွတ်လပ်မှု ရှိမှာ မဟုတ်ဘူးလို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။


သြဂုတ်လ ၁၆ ရက်နေ့က မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီဝင်းရှိ မြို့တော်ခန်းမ ပြုလုပ်တဲ့ ကင်းထောက်မောင်မယ်တွေနဲ့ တွေ့ဆုံပွဲမှာ နိ်ုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် က ပြောကြားခဲ့တာပါ။


ကင်းထောက်မောင်မယ်တွေအတွက် လွတ်လပ်ခြင်းအကြောင်းတရား အဓိပ္ပါယ်ဖွင့်ဆိုခြင်းနဲ့ ကင်းထောက် မောင်မယ်တွေ အနေနဲ့ အသင်းအဖွဲ့အစည်းအတွင်း တန်းတူညီမျှမှုကို အခြေခံပြီး ဆောင်ရွက်ကြဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားလိုက်ပါတယ်။