ကစားသူတိုင်း သိထားသင့်တဲ့ ပိုကီမွန်ဂိုးပလပ်စ်ရဲ့ လျှို့ဝှက်ချက် ၂ ခု

0
405

အနီးနားက ပိုကီမွန်နဲ့ ပိုကီမွန်စတော့ကို သိရအောင်သက်သက်မဟုတ်တဲ့ ပိုကီမွန်ဂိုးပလပ်စ်ရဲ့ လှို့ဝှက်လုပ်ဆောင်ချက် ၂ခု ရှိပါတယ်။ ဒါကိုပိုကီမွန်ကစားတဲ့လူတိုင်း သိထားသင့်တယ်လို့ ယူဆမိတာကြောင့် ဖော်ပြလိုက်ပါတယ်။

goplus1_w720

အဲဒီလှို့ဝှက်ချက် ၂ခု ကို ပိုကီမွန်ကုမ္ပဏီနဲ့ နီအန်တစ်လပ်စ် နှစ်ခုစလုံးက မဖော်ပြခဲ့ပါဘူး။
ပိုကီမွန်ဂိုးပလစ်ကို ဥတွေခွဲတဲ့အဆင့်တွေမှာလည်း အသုံးချလို့ရပါတယ်။ ပိုကီမွန်ဂိုးကစားသူတွေက ဥတွေမကွဲခင်မှာ အကွာအ ဝေးလိုအပ်ချက်ရှိတယ်ဆိုတာကို သိထားကြပါတယ်။ ဆိုလိုတာက ကိရိယာကို ဖွင့်လိုက်တာနဲ့ အကွာအဝေးကီလိုမီတာကို ဥ ပေါက်ဖို့အချိန်အနေနဲ့ ထည့်သွင်းရည်တွက်ပါတယ်။

ဒါပေမဲ့ ပိုကီမွန်ဂိုးပလပ်စ်ကို ၀တ်ဆင်ထားမယ်ဆိုရင် စမတ်ဖုံးကို လော့ခ်ချ ထားပေမယ့် GPS က နောက်ကွယ်ကနေ ဆက်ပြီး အလုပ်လုပ်နေပါလိမ့်မယ်။
နောက်ထပ်လှို့ဝှက်ချက်တစ်ခုကတော့ ပိုကီမွန်သူငယ်ချင်း (Pokemon Buddy) လမ်းလျှောက်တာကို ပိုကီမွန်ဂိုးနဲ့ ခြေရာခံနိုင် တဲ့အချက်ပါပဲ။

ပိုကီမွန်ဂိုးဘာဒီစနစ်က iOSနဲ့ android တွေမှာ နောက်ဆုံး update အနေနဲ့ မကြာသေးခင်ကမှ ပေးထားတာပါ။ အဲဒီ update ကြောင့် ပိုကီမွန်ကောင်ကလေးက လေ့ကျင့်ပေးသူနဲ့အတူ လမ်းလျှောက်နိုင်ပါတယ်။ လုံလောက်တဲ့ ကီလိုမီတာ အကွာအဝေးကို ရောက်သွားချိန်မှာ ဖရီးကန်ဒီတွေကို ဖွင့်ပေးမှာပဲဖြစ်ပါတယ်။

ပထမလှို့ဝှက်ချက်လိုပါပဲ။ ဒီလိုလုပ်ဆောင်ဖို့အ တွက်လည်း စမတ်ဖုန်းကို အန်လော့ခ်လုပ်စရာမလိုပါဘူး။ ဒါကြောင့် သူတို့ရဲ့ခြေလှမ်းတွေကို ဘာဒီပိုကီမွန် (Buddy Pokemon) ရဲ့ခြေလှမ်းအနေနဲ့ ထည့်သွင်းရေတွက်မှာဖြစ်ပါတယ်။

ပိုကီမွန်ဂိုးပလပ်စကို စက်တင်ဘာ ၁၆ရက်မှာ စတင်ပြီး တရားဝင်ဖြန့်ချိခဲ့တာပါ။ ဒါပေမဲ့ လက်ရှိအချိန်မှာတော့ အဲဒီကိရိယာလေး ကို အကန့်အသက်နဲ့ပဲ ၀ယ်ယူရရှိနိုင်ပါသေးတယ်။