
0
54




ကစားသမားဘဝကနေ နားဖို့ မစဉ်းစားသေးကြောင်း စီရော်နယ်ဒို ပြော


ကစားသမားဘဝကနေ ဘယ်အချိန် အနားယူရမယ် ဆိုတာကို မစဉ်းစားရသေးကြောင်း ဂျူဗင်တပ်တိုက်စစ်မှူး စီရော်နယ်ဒိုက ပြောပါတယ်။


လာမယ့်နှစ်မှာ ကစားသမားဘဝကနေ အနားယူဖို့ ရှိတယ်လို့ ပြောဆိုလိုက်ပြီးနောက် စီရော်နယ်ဒိုရဲ့ အနာဂတ်နဲ့ ပတ်သက်လို့ ထင်မြင်ချက်မျိုးစုံ ထွက်ပေါ်နေပါတယ်။ ကစားသမားဘဝ အနားယူရမယ့် အချိန်ကို ကြိုတင် စဉ်းစားထားတာမျိုး မရှိကြောင်း၊ လက်ရှိ ဘောလုံကစားရမှုအပေါ် ပျော်ရွှင်ကျေနပ်နေကြောင်း အသက် ၃၄ နှစ်အရွယ်ရှိ စီရော်နယ်ဒိုက ပြောပါတယ်။


ဘောလုံးကစားရတာ ပျော်ရွင်နေတဲ့အချိန်အထိ ဘောလုံး ဆက်ကစားလိုသေးကြောင်း ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်ဒိုက ပြောပါတယ်။