ကစားသမားဘဝက အနားယူသြားတဲ့ ဂ်ာမနီ ကြင္းလယ္လူေဟာင္း ရွဝိန္းစတုိင္ဂါ

0
37

မန္ခ်က္စတာ ယူႏုိက္တက္ ကြင္းလယ္လူေဟာင္း ရွဝိန္းစတုိင္ဂါဟာ ကစားသမား ဘဝကေန အနားယူလုိက္ၿပီ ျဖစ္ပါတယ္။

အသက္ ၃၅ ႏွစ္အရြယ္ရွိ ဂ်ာမနီ ကြင္းလယ္လူေဟာင္း စတုိင္ဂါဟာ ေမဂ်ာလိဂ္ရာသီ ၿပီးဆံုးၿပီး ႏွစ္ရက္ အၾကာမွာ ကစားသမား ဘဝကေန အနားယူဖုိ႔ ဆံုးျဖတ္ခဲ့တာ ျဖစ္ပါတယ္။ စတုိင္ဂါဟာ လက္ရွိမွာ ေမဂ်ာလိဂ္ကလပ္ ခ်ီကာကို ဖုိင္းယားအသင္းမွာ ကစားေနၿပီး သူရဲ႕အသင္းဟာ ေမဂ်ာလိဂ္ၿပိဳင္ပြဲမွာ အဆင့္ ၁၇ ေနရာကို ေရာက္ရွိရပ္တည္ေနပါတယ္။

ဘုိင္ယန္ျမဴးနစ္ ကြင္းလယ္လူေဟာင္း စတုိင္ဂါက အနားယူရမယ့္အခ်ိန္ကို ေရာက္ရွိလာခဲ့ၿပီ ျဖစ္ေၾကာင္း၊ ပရိသတ္ေတြရဲ႕ အားေပးမႈကို မယံုၾကည္ႏုိင္ေအာင္ ျဖစ္ခဲ့ရေၾကာင္း ေျပာပါတယ္။ စတုိင္ဂါဟာ သူ႔ရဲ႕ ကစားသမားဘဝ သက္တမ္းမွာ ဂ်ာမနီနဲ႔အတူ ၂၀၁၄ ခုႏွစ္တုန္းက ကမာၻ႔ဖလား ရရွိခဲ့ဖူးၿပီး ဘုိင္ယန္ျမဴးနစ္နဲ႔ ဂ်ာမနီ အမွတ္ေပး ခ်န္ပီယံဆု ၈ ႀကိမ္ ရယူႏုိင္ခဲ့ပါတယ္။

ကစားသမားဘဝက အနားယူသွားတဲ့ ဂျာမနီ ကွင်းလယ်လူဟောင်း ရှဝိန်းစတိုင်ဂါ

မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူဟောင်း ရှဝိန်းစတိုင်ဂါဟာ ကစားသမား ဘဝကနေ အနားယူလိုက်ပြီ ဖြစ်ပါတယ်။

အသက် ၃၅ နှစ်အရွယ်ရှိ ဂျာမနီ ကွင်းလယ်လူဟောင်း စတိုင်ဂါဟာ မေဂျာလိဂ်ရာသီ ပြီးဆုံးပြီး နှစ်ရက် အကြာမှာ ကစားသမား ဘဝကနေ အနားယူဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ စတိုင်ဂါဟာ လက်ရှိမှာ မေဂျာလိဂ်ကလပ် ချီကာကို ဖိုင်းယားအသင်းမှာ ကစားနေပြီး သူရဲ့အသင်းဟာ မေဂျာလိဂ်ပြိုင်ပွဲမှာ အဆင့် ၁၇ နေရာကို ရောက်ရှိရပ်တည်နေပါတယ်။

ဘိုင်ယန်မြူးနစ် ကွင်းလယ်လူဟောင်း စတိုင်ဂါက အနားယူရမယ့်အချိန်ကို ရောက်ရှိလာခဲ့ပြီ ဖြစ်ကြောင်း၊ ပရိသတ်တွေရဲ့ အားပေးမှုကို မယုံကြည်နိုင်အောင် ဖြစ်ခဲ့ရကြောင်း ပြောပါတယ်။ စတိုင်ဂါဟာ သူ့ရဲ့ ကစားသမားဘဝ သက်တမ်းမှာ ဂျာမနီနဲ့အတူ ၂၀၁၄ ခုနှစ်တုန်းက ကမ္ဘာ့ဖလား ရရှိခဲ့ဖူးပြီး ဘိုင်ယန်မြူးနစ်နဲ့ ဂျာမနီ အမှတ်ပေး ချန်ပီယံဆု ၈ ကြိမ် ရယူနိုင်ခဲ့ပါတယ်။