ကက္ရွ္မီးယား နယ္စပ္ေဒသမွာ အိႏၵိယနဲ႔ ပါကစၥတို႔ အျပန္အလွန္ ပစ္ခတ္မႈျဖစ္

0
49

ကက္ရွ္မီးယား အေရးနဲ႔ ပတ္သက္လုိ႔ ကုလသမဂၢ လံုၿခံဳေရးေကာင္စီမွာ တံခါးပိတ္ အစည္းအေဝးျပဳလုပ္ၿပီး ေနာက္ရက္ပိုင္း အၾကာမွာပဲ အိႏၵိယနဲ႔ ပါကစၥတန္ တပ္ဖြဲ႔ေတြ အျပန္အလွန္ ပစ္ခတ္မႈေတြ ရွိခဲ့ပါတယ္။ 

ကက္ရွ္မီးယားျပည္နယ္ကို ခြင့္ျပဳေပးထားတဲ့ ကုိယ္ပိုင္အုပ္ခ်ဳပ္ခြင့္ကုိ အိႏၵိယက ျပန္႐ုတ္သိမ္းခဲ့ၿပီးေနာက္ ကက္ရွ္မီးယားျပည္နယ္မွာ တင္းမာမႈေတြ ျမင့္တက္ေနပါတယ္။ ကက္ရွ္မီးယား နယ္စပ္ေဒသမွာ အိႏၵိယအစိုးရ တပ္ဖြဲ႔ေတြနဲ႔ ပါကစၥတန္တပ္ဖြဲ႔ဝင္ေတြၾကား အျပန္အလွန္ပစ္ခတ္မႈ ျဖစ္ခဲ့ၿပီး စစ္သားတစ္ဦး ေသဆံုးခဲ့တယ္လို႔ အိႏၵိယ အစိုးရအဖြဲ႔ အႀကီးတန္းအရာရွိတစ္ဦးက ေျပာပါတယ္။

အျပန္အလွန္ပစ္ခတ္မႈနဲ႔ ပတ္သက္လို႔ ေသဆံုး၊ ဒဏ္ရာရသူစာရင္းကို ပါကစၥတန္ စစ္ဘက္က ထုတ္ျပန္တာ မရွိေသးပါဘူး။ မြတ္စလင္အမ်ားစု ေနထိုင္တဲ့ ကက္ရွ္မီးယား အေရးနဲ႔ ပတ္သက္လုိ႔ ပါကစၥတန္နဲ႔ အိႏၵိယတို႔ အျငင္းပြားမႈေတြ မၾကာခဏျဖစ္ေနပါတယ္။

ကက်ရှ်မီးယား နယ်စပ်ဒေသမှာ အိန္ဒိယနဲ့ ပါကစ္စတို့ အပြန်အလှန် ပစ်ခတ်မှုဖြစ်

ကက်ရှ်မီးယား အရေးနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ တံခါးပိတ် အစည်းအဝေးပြုလုပ်ပြီး နောက်ရက်ပိုင်း အကြာမှာပဲ အိန္ဒိယနဲ့ ပါကစ္စတန် တပ်ဖွဲ့တွေ အပြန်အလှန် ပစ်ခတ်မှုတွေ ရှိခဲ့ပါတယ်။

ကက်ရှ်မီးယားပြည်နယ်ကို ခွင့်ပြုပေးထားတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို အိန္ဒိယက ပြန်ရုတ်သိမ်းခဲ့ပြီးနောက် ကက်ရှ်မီးယားပြည်နယ်မှာ တင်းမာမှုတွေ မြင့်တက်နေပါတယ်။ ကက်ရှ်မီးယား နယ်စပ်ဒေသမှာ အိန္ဒိယအစိုးရ တပ်ဖွဲ့တွေနဲ့ ပါကစ္စတန်တပ်ဖွဲ့ဝင်တွေကြား အပြန်အလှန်ပစ်ခတ်မှု ဖြစ်ခဲ့ပြီး စစ်သားတစ်ဦး သေဆုံးခဲ့တယ်လို့ အိန္ဒိယ အစိုးရအဖွဲ့ အကြီးတန်းအရာရှိတစ်ဦးက ပြောပါတယ်။

အပြန်အလှန်ပစ်ခတ်မှုနဲ့ ပတ်သက်လို့ သေဆုံး၊ ဒဏ်ရာရသူစာရင်းကို ပါကစ္စတန် စစ်ဘက်က ထုတ်ပြန်တာ မရှိသေးပါဘူး။ မွတ်စလင်အများစု နေထိုင်တဲ့ ကက်ရှ်မီးယား အရေးနဲ့ ပတ်သက်လို့ ပါကစ္စတန်နဲ့ အိန္ဒိယတို့ အငြင်းပွားမှုတွေ မကြာခဏဖြစ်နေပါတယ်။