ကက္ရွ္မီးယားမွာ အျပန္အလွန္ ပစ္ခတ္မႈျဖစ္၊ ႏွစ္ဦးေသ

0
47

အိႏၵိယအစိုးရက ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ ျပန္႐ုပ္သိမ္းလိုက္တဲ့ ကက္ရွ္မီးယားေဒသမွာ အျပန္အလွန္ ေသနတ္ပစ္ခတ္မႈ ျဖစ္ၿပီး စစ္ေသြးၾကြ တစ္ဦးနဲ႔ ရဲအရာရွိတစ္ဦး ေသဆံုးသြားပါတယ္။

ကက္ရွ္မီးယားေဒသ၊ ဘာရာမူလာခ႐ိုင္မွာ အျပန္အလွန္ ပစ္ခတ္မႈျဖစ္ပြားၿပီး တျခား တစ္ဦးလည္း ဒဏ္ရာရခဲ့တယ္လို႔ ရဲတပ္ဖြဲ႔က ဒီေန႔ ၾသဂုတ္လ ၂၁ ရက္ေန႔မွာ ေျပာပါတယ္။ ပစ္ခတ္မႈျဖစ္ၿပီးေနာက္ နယ္ေျမရွင္းလင္းရာမွာ လက္နက္နဲ႔ ေဖာက္ခြဲေရးပစၥည္းေတြလည္း ေတြ႔ရွိခဲ့ပါတယ္။

ကက္ရွ္မီးယား ေဒသမွာ စစ္ေသြးၾကြေတြကို ပါကစၥတန္က လက္နက္တပ္ဆင္ေပးၿပီး သင္တန္းေပးေနေၾကာင္း အိႏၵိယအစိုးရက ေတာက္ေလွ်ာက္ စြပ္စြဲထားၿပီး ပါကစၥတန္ကလည္း ျငင္းဆိုထားပါတယ္။

ကက်ရှ်မီးယားမှာ အပြန်အလှန် ပစ်ခတ်မှုဖြစ်၊ နှစ်ဦးသေ

အိန္ဒိယအစိုးရက ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပြန်ရုပ်သိမ်းလိုက်တဲ့ ကက်ရှ်မီးယားဒေသမှာ အပြန်အလှန် သေနတ်ပစ်ခတ်မှု ဖြစ်ပြီး စစ်သွေးကြွ တစ်ဦးနဲ့ ရဲအရာရှိတစ်ဦး သေဆုံးသွားပါတယ်။

ကက်ရှ်မီးယားဒေသ၊ ဘာရာမူလာခရိုင်မှာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားပြီး တခြား တစ်ဦးလည်း ဒဏ်ရာရခဲ့တယ်လို့ ရဲတပ်ဖွဲ့က ဒီနေ့ သြဂုတ်လ ၂၁ ရက်နေ့မှာ ပြောပါတယ်။ ပစ်ခတ်မှုဖြစ်ပြီးနောက် နယ်မြေရှင်းလင်းရာမှာ လက်နက်နဲ့ ဖောက်ခွဲရေးပစ္စည်းတွေလည်း တွေ့ရှိခဲ့ပါတယ်။

ကက်ရှ်မီးယား ဒေသမှာ စစ်သွေးကြွတွေကို ပါကစ္စတန်က လက်နက်တပ်ဆင်ပေးပြီး သင်တန်းပေးနေကြောင်း အိန္ဒိယအစိုးရက တောက်လျှောက် စွပ်စွဲထားပြီး ပါကစ္စတန်ကလည်း ငြင်းဆိုထားပါတယ်။