ကက္ဂလီယာရီနဲ႔ ပြဲမွာလူမ်ိဳးေရး ခြဲျခားခံရတဲ့ တိုက္စစ္မွဴး လူကာကူ

0
46

ကက္ဂလီယာရီကို ၂ ဂိုး ၁ ဂိုးနဲ႔ အႏိုင္ရတဲ့ပြဲမွာ အင္တာမီလန္ တိုက္စစ္မွဴး လူကာကူဟာ လူမ်ိဳးေရး ခြဲျခား ေစာ္ကားခံရပါတယ္။

အသက္ ၂၆ ႏွစ္အရြယ္ရွိ တိုက္စစ္မွဴး လူကာကူ ပယ္နယ္တီ ကန္သြင္းခ်ိန္မွာ ကက္ဂလီယာရီ ပရိသတ္ေတြက ေမ်ာက္လို႔ ေအာ္ဟစ္ ေလွာင္ေျပာင္ခဲ့ပါတယ္။ ပယ္နယ္တီ ကန္သြင္းခ်ိန္မွာ လူကာကူကို ေအာ္ဟစ္ေလွာင္ေျပာင္ ေနတာေတြကို မၾကားမိခဲ့ေၾကာင္း၊ ေမ်ာက္လို႔ ေအာ္ဟစ္ေလွာင္ေျပာင္မႈ အမွန္တကယ္ ရွိခဲ့မယ္ဆိုရင္ အီတလီ ေဘာလံုးပရိသတ္ေတြကို အသိပညာေပးဖို႔ လိုအပ္ေနၿပီျဖစ္ေၾကာင္း အင္တာမီလန္နည္းျပ ကြန္တီက ေျပာပါတယ္။ 

အီတလီ ေဘာလံုးေလာကမွာ ကက္ဂလီယာရီ ပရိသတ္ေတြဟာ ၿပိဳင္ဘက္အသင္းက ကစားသမားေတြအေပၚ လူမ်ိဳးေရးခြဲျခားမႈေတြ မၾကာခဏ ျပဳလုပ္တတ္ၿပီး လူကာကူဟာ ထပ္မံ ေလွာင္ေျပာင္ခံရသူ ျဖစ္လာတယ္လို႔ ၿဗိတိန္ သတင္းေတြက ေဖာ္ျပပါတယ္။ 

ကက်ဂလီယာရီနဲ့ ပွဲမှာလူမျိုးရေး ခွဲခြားခံရတဲ့ တိုက်စစ်မှူး လူကာကူ


ကက်ဂလီယာရီကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ အင်တာမီလန် တိုက်စစ်မှူး လူကာကူဟာ လူမျိုးရေး ခွဲခြား စော်ကားခံရပါတယ်။
အသက် ၂၆ နှစ်အရွယ်ရှိ တိုက်စစ်မှူး လူကာကူ ပယ်နယ်တီ ကန်သွင်းချိန်မှာ ကက်ဂလီယာရီ ပရိသတ်တွေက မျောက်လို့ အော်ဟစ် လှောင်ပြောင်ခဲ့ပါတယ်။

ပယ်နယ်တီ ကန်သွင်းချိန်မှာ လူကာကူကို အော်ဟစ်လှောင်ပြောင် နေတာတွေကို မကြားမိခဲ့ကြောင်း၊ မျောက်လို့ အော်ဟစ်လှောင်ပြောင်မှု အမှန်တကယ် ရှိခဲ့မယ်ဆိုရင် အီတလီ ဘောလုံးပရိသတ်တွေကို အသိပညာပေးဖို့ လိုအပ်နေပြီဖြစ်ကြောင်း အင်တာမီလန်နည်းပြ ကွန်တီက ပြောပါတယ်။


အီတလီ ဘောလုံးလောကမှာ ကက်ဂလီယာရီ ပရိသတ်တွေဟာ ပြိုင်ဘက်အသင်းက ကစားသမားတွေအပေါ် လူမျိုးရေးခွဲခြားမှုတွေ မကြာခဏ ပြုလုပ်တတ်ပြီး လူကာကူဟာ ထပ်မံ လှောင်ပြောင်ခံရသူ ဖြစ်လာတယ်လို့ ဗြိတိန် သတင်းတွေက ဖော်ပြပါတယ်။