နယ်ကလုပ်ငန်းရှင်တွေ အောင်မြင်ဖို့ ဈေးကွက်နည်းပညာတွေလိုအပ်

0
78








နယ်က စီးပွားရေးလုပ်ငန်းရှင်တွေ အောင်မြင်ကြဖို့ခက်ခဲတာဟာ ဈေးကွက် နည်းပညာပိုင်းတွေ လိုအပ်နေတာကြောင့် ဖြစ်ပါတယ်။ ဒီသတင်းကိုတော့ MCN သတင်းထောက် သက်နောင်စိုးက ပေးပို့ထားတာပါ။

နယ်ကစီးပွားရေးလုပ်ငန်းရှင်တွေ အောင်မြင်ကြဖို့ခက်ခဲနေကြတာဟာ ဈေးကွက်မှာ ဝန်ထမ်းတွေကို ထိန်းသိမ်းတတ်ဖို့နဲ့ နည်းပညာပိုင်းအရ ဈေးကွက်ထိုးဖောက်နိုင်မှုမှာလည်း အားနည်းနေတာကြောင့် ဖြစ်တယ်လို့ မန်နေးဂျင်းဒါရိုက်တာ ကိုစိုးဟိန်းက ပြောပါတယ်။

ဖေဖော်ဝါရီလ ၈ ရက်နေ့က အူရီဒူးမြန်မာရုံးချုပ်မှာ အူရီဒူးမြန်မာနဲ့ SME Bussiness Institute တို့ပူးပေါင်းပြီး SME ကဏ္ဍဖွံ့ဖြိုးတိုးတက်မှုအတွက် ပံ့ပိုးကူညီမှုများပြုလုပ်နိုင်ဖို့ ရည်ရွယ်ပြီး သဘာတူစာချွန်လွှာရေးထိုးပွဲ အခမ်းအနားကျင်းပခဲ့တာပါ။

Sound Bite – စိုးဟိန်း (မန်နေးဂျင်းဒါရိုက်တာ)
Myanmar Endeavour Co.,Ltd

အူရီဒူးမြန်မာနဲ့ SME Bussiness Institute တို့ ပူးပေါင်းတာဟာ အရောင်းအဝယ်ပြုလုပ်တဲ့ ဈေးကွက်မှာ နည်းပညာကိုအသုံးချပြီး ဈေးကွက်ထိုးဖောက်နိုင်ဖို့ နဲ့ အသေးစားနဲ့အလတ်စားစီးပွားရေးလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက်လည်း ဖြစ်ပါတယ်။

Sound Bite – စိုးဟိန်း (မန်နေးဂျင်းဒါရိုက်တာ)
Myanmar Endeavour Co.,Ltd

စက်မှုဝန်ကြီးဌာနရှိ အသေးစားနှင့် အလတ်စားလုပ်ငန်းတွေ ဖွံ့ဖြိုးမှုဌာနရဲ့ ၂၀၁၇ စာရင်းအရ မြန်မာနိုင်ငံ စီးပွားရေးရဲ့ ခန့်မှန်းချေ ၉၀ ရာခိုင်နှုန်းဟာ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းတွေက နေရာယူထားတာ လည်းဖြစ်ပါတယ် ။ဒါ့အပြင် SME Bussiness Institute ကနေ အူရီဒူးမြန်မာ ကို ကမ်းလှမ်းလာတဲ့ အသေးစား အလတ်စား လုပ်ငန်းတွေ အတွက် နည်းပညာပံပိုးမှု၊ ပညာမျှဝေမှုနဲ့ SME Business ထူးချွန်ဆုတွေ အတွက် တရားဝင်လက်မှတ်ထိုးပွဲ ပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်ခင်ဗျာ။

?bph6