တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့် ကတ်ပြားတွေ စတင်ထုတ် ယူနိုင်ပြီ

0
131




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့် ကတ်ပြားတွေကို ဖေဖော်ဝါရီ ၁၅ ရက်က စတင်ထုတ် ယူနိုင်

တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမယ့် ကျောင်းသား၊ ကျောင်းသူတွေရဲ့ စာမေးပွဲဖြေဆိုခွင့် ကတ်ပြားတွေကို ဖေဖော်ဝါရီ ၁၅ ရက်က စတင်ထုတ်ယူနိုင်ပြီဖြစ်ပါတယ်။

၂၀၁၉ ခုနစ် ရဲ့ တက္ကသိုလ်ဝင် စာမေးပွဲကို မတ်လ ၆ ကနေ ၁၅ရက်နေ့ အထိ ကျင်းပ သွားမှာဖြစ်ပြီး ဝင်ရောက်ဖြေဆိုမယ့် ကျောင်းသူ၊ ကျောင်းသားတွေအနေနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာရှိတဲ့ စာစစ်ဌာန တွေမှာ ဖြေဆိုခွင့်ကတ်တွေ ထုတ်ယူရမှာဖြစ်ပါတယ်။

စာမေးပွဲဖြေဆိုခွင့်ကတ်ပြား (Identity Card) များ ထုတ်ယူရာမှာ အခက်အခဲတွေရှိပါက သက်ဆိုင်ရာ ကျောင်းအုပ်ကြီးတွေ၊ စာစစ်ဌာနကြီးကြပ်ရေးမှူးတွေ၊ မြို့နယ်ပညာရေးမှူးတွေနဲ့ မြန်မာနိုင်ငံစာစစ်ဦးစီး ဌာနဆီကို တိုက်ရိုက်မေးမြန်းနိုင်တယ်လို့ ပညာရေးဝန်ကြီးဌာန မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက ထုတ်ပြန်ထား ပါတယ်။

?bph6