ေမာ္႐ိုကိုမွာ ခရီးသည္ အမ််ိဳးသမီး ႏွစ္ဦး အသတ္ခံရမႈ သံသယရွိသူ ၁၃ ဦးကို ဖမ္းဆီး

0
132

ေမာ္႐ိုႏိုင္ငံမွာ ေတာင္တက္ခရီးသြားေနတဲ့ စကင္ဒီေနဗီးယန္း အမ်ိဳးသမီးႏွစ္ဦး လည္လွီးအသတ္ခံရမႈနဲ႔ ပတ္သက္လို႔ သံသယရွိသူ ၁၃ ဦးကို ဖမ္းဆီးထားပါတယ္။

ေနာ္ေဝႏိုင္ငံသူ မာရင္ အူလန္း (၂၈ ႏွစ္) နဲ႔ ဒိန္းမတ္ ႏိုင္ငံသူ လူဝီဆာ ယက္စ္ပါဆင္ တို႔ကို သတ္ျဖတ္မႈနဲ႔ သံသယ ရွိသူ ေလးဦးကို အရင္ဆံုး ဖမ္းဆီးခဲ့ပါတယ္။ အဲဒီ ေလးဦးထဲက တစ္ဦးဟာ အၾကမ္းဖက္မႈနဲ႔ အရင္က ေထာင္ ႏွစ္ႏွစ္ က်ခဲ့ဖူးပါတယ္။ တျခား သံသယရွိသူ ကိုးဦးကိုေတာ့ ဒီလူ ေလးဦး က်ဴးလြန္တဲ့ လူသတ္မႈမွာ ပါဝင္ပတ္သက္မႈနဲ႔ ၿမိဳ႕အသီးသီးကေန ဖမ္းဆီးခဲ့တာ ျဖစ္ပါတယ္။

ေမာ္႐ိုကို ရဲေတြက စီးနင္းဖမ္းဆီးမႈမွာ သံသယျဖစ္စရာ ပစၥည္းေတြနဲ႔ ေပါက္ကြဲေစတတ္တဲ့ ပစၥည္းေတြကို သိမ္းဆည္းရမိခဲ့ပါတယ္။ အူလန္နဲ႔ ယက္စ္ပါဆင္ တို႔ရဲ႕ အေလာင္းေတြကို ဒီဇင္ဘာလ ၁၇ ရက္ေန႔က အတၱလတ္ ေတာင္တန္းမွာ ေတြ႔ရွိခဲ့တာ ျဖစ္ပါတယ္။

 

<>>>>>>>>>>>>>>>>>>>>>>>>>>>

 

မော်ရိုကိုမှာ ခရီးသည် အမျိုးသမီး နှစ်ဦး အသတ်ခံရမှု သံသယရှိသူ ၁၃ ဦးကို ဖမ်းဆီး

မော်ရိုနိုင်ငံမှာ တောင်တက်ခရီးသွားနေတဲ့ စကင်ဒီနေဗီးယန်း အမျိုးသမီးနှစ်ဦး လည်လှီးအသတ်ခံရမှုနဲ့ ပတ်သက်လို့ သံသယရှိသူ ၁၃ ဦးကို ဖမ်းဆီးထားပါတယ်။

နော်ဝေနိုင်ငံသူ မာရင် အူလန်း (၂၈ နှစ်) နဲ့ ဒိန်းမတ် နိုင်ငံသူ လူဝီဆာ ယက်စ်ပါဆင် တို့ကို သတ်ဖြတ်မှုနဲ့ သံသယ ရှိသူ လေးဦးကို အရင်ဆုံး ဖမ်းဆီးခဲ့ပါတယ်။ အဲဒီ လေးဦးထဲက တစ်ဦးဟာ အကြမ်းဖက်မှုနဲ့ အရင်က ထောင် နှစ်နှစ် ကျခဲ့ဖူးပါတယ်။ တခြား သံသယရှိသူ ကိုးဦးကိုတော့ ဒီလူ လေးဦး ကျူးလွန်တဲ့ လူသတ်မှုမှာ ပါဝင်ပတ်သက်မှုနဲ့ မြို့အသီးသီးကနေ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

မော်ရိုကို ရဲတွေက စီးနင်းဖမ်းဆီးမှုမှာ သံသယဖြစ်စရာ ပစ္စည်းတွေနဲ့ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့ပါတယ်။ အူလန်နဲ့ ယက်စ်ပါဆင် တို့ရဲ့ အလောင်းတွေကို ဒီဇင်ဘာလ ၁၇ ရက်နေ့က အတ္တလတ် တောင်တန်းမှာ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။