ကခ်င္ လူငယ္သပိတ္စခန္း ေခါင္းေဆာင္ သံုးဦးကုိ ေထာင္ဒဏ္ ၆ လနဲ႔ ေငြဒဏ္ ၅သိန္း ခ်မွတ္

0
56

တပ္မေတာ္ကုိ အေသေရဖ်က္တယ္ဆုိၿပီး ပုဒ္မ ၅၀၀ နဲ႔ တရားစြဲဆိုခံထားရတဲ့ ကခ်င္ လူငယ္သပိတ္ ေခါင္းေဆာင္ သံုးဦးကုိ ျမစ္ႀကီးနားၿမိဳ႕နယ္ တရား႐ံုးက ေထာင္ဒဏ္ ၆ လနဲ႔ ေငြဒဏ္ ၅သိန္း ခ်မွတ္လိုက္ပါတယ္။

ေထာင္ဒဏ္ ၆လ ခ်မွတ္ခံရတဲ့ ကိုလြမ္းေဇာင္းက သူတုိ႔အေနနဲ႔ နုိင္ငံေတာ္အစုိးရကုိ ဆန္႔က်င္တာမဟုတ္ဘဲ ျပည္သူေတြအတြက္ ေတာင္းဆုိတာျဖစ္ေၾကာင္း တရားရုံးကအျပန္မွာ မီဒီယာေတြကုိ ေျပာခဲ့တာျဖစ္ပါတယ္။

တိုက္ပြဲေတြၾကားမွာ ပိတ္မိျပည္သူေတြ လြတ္ေျမာက္ေရးအတြက္ ၿပီးခဲ့တဲ့ ေမလအတြင္းက ျမစ္ႀကီးနားၿမိဳ႕မွာ ဆႏၵထုတ္ေဖာ္စဥ္နဲ႔ သတင္းစာရွင္းလင္းပြဲျပဳလုပ္စဥ္ ေျပာဆိုမႈေတြေၾကာင့္ ကိုလြမ္းေဇာင္း ၊ ကိုေဇာ္ဂ်တ္ နဲ႔ ေဒၚနန္ပူ တို႔ကုိ ေျမာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္က ဒုတိယ ဗိုလ္မႈးႀကီး မ်ဳိးမင္းဦးက ပုဒ္မ ၅၀၀ နဲ႔ တရားလိုျပဳ လုပ္ၿပီး တရားစြဲဆိုခဲ့ျခင္း ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကချင် လူငယ်သပိတ်စခန်းခေါင်းဆောင် သုံးဦးကို ထောင်ဒဏ် ၆လနဲ့ ငွေဒဏ် ၅သိန်း ချမှတ်

တပ်မတော်ကို အသေရေဖျက်တယ်ဆိုပြီး ပုဒ်မ ၅၀ဝ နဲ့ တရားစွဲဆိုခံထားရတဲ့ ကချင် လူငယ်သပိတ် ခေါင်းဆောင် သုံးဦးကို မြစ်ကြီးနားမြို့နယ် တရားရုံးက ထောင်ဒဏ် ၆လနဲ့ ငွေဒဏ် ၅သိန်း ချမှတ်လိုက်တာဖြစ်ပါတယ်။

ထောင်ဒဏ် ၆လ ချမှတ်ခံရတဲ့ ကိုလွမ်းဇောင်းက သူတို့အနေနဲ့ နိုင်ငံတော်အစိုးရကို ဆန့်ကျင်တာမဟုတ်ဘဲ ပြည်သူတွေအတွက် တောင်းဆိုတာဖြစ်ကြောင်း တရားရုံးကအပြန်မှာ မီဒီယာတွေကို ပြောခဲ့တာဖြစ်ပါတယ်။

တိုက်ပွဲတွေကြားမှာ ပိတ်မိပြည်သူတွေ လွတ်မြောက်ရေးအတွက် ပြီးခဲ့တဲ့ မေလအတွင်းက မြစ်ကြီးနားမြို့မှာ ဆန္ဒထုတ်ဖော်စဉ်နဲ့ သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ် ပြောဆိုမှုတွေကြောင့် ကိုလွမ်းဇောင်း ၊ ကိုဇော်ဂျတ် နဲ့ ဒေါ်နန်ပူ တို့ကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ဒုတိယ ဗိုလ်မှုးကြီး မျိုးမင်းဦးက ပုဒ်မ ၅၀ဝ နဲ့ တရားလိုပြု လုပ်ပြီး တရားစွဲဆိုခဲ့ခြင်း ဖြစ်ပါတယ်။

?bph6