
0
133




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

နောက်ခံလူ လုရှော့မန်ယူနဲ့ ၅ နှစ် စာချုပ်သက်တမ်း တိုး

မန်ယူအသင်းဟာ ဘယ်နောက်ခံလူ လုရှော့ကို ၅ နှစ် သက်တမ်းတိုးစာချုပ် လက်မှတ်ရေးထိုးခဲ့ပြီး လုရှော့ဟာ စာချုပ်သစ်မှာ တစ်နှစ်လုပ်ခ ပေါင် ၁ သိန်းခွဲရမှာ ဖြစ်ပါတယ်။

အသက် ၂၃ နှစ်အရွယ်ရှိ လုရှော့ဟာ လာမယ့်နွေရာသီမှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်လို့ စာချုပ်သက် တမ်းတိုးဖို့ သဘောတူညီခဲ့တာ ဖြစ်ပါတယ်။

လုရှော့ဟာ မန်ယူအသင်းမှာ ပုံမှန်ခြေစွမ်းပြနိုင်မှု မရှိသလို ကြံ့ခိုင်ရေး ပြဿနာတွေကြောင့် စာချုပ်တိုးရေး နှောင့်နှေးမှုတွေ ရှိခဲ့ပြီးမှ သဘောတူညီမှုရခဲ့တာ ဖြစ်ပါတယ်။