ေပါက္ေတာမွာ ရဲတပ္သားတစ္ဦး သတ္ေသ

0
97

ရခိုင္ျပည္နယ္၊ ေပါက္ေတာ ၿမိဳ႕မရဲစခန္းမွာ တာဝန္ထမ္းေဆာင္ေနတဲ့ ရဲတပ္ဖြဲ႔ဝင္တစ္ဦး ဒီကေန႔ ေအာက္တိုဘာ ၁၁ ရက္ မနက္ ၉ နာရီခန္႔က မိမိကိုယ္ကို သတ္ေသမႈ ျဖစ္ပြားခဲ့ပါတယ္။

ေသဆံုးသူ ရဲတပ္သား ေအာင္ျမင့္သိန္း (၂၂ ႏွစ္) ဟာ ေျမာက္ဦးဇာတိျဖစ္ၿပီး ေပါက္ေတာရဲစခန္းမွာ တာဝန္ထမ္းေဆာင္ေနတာ ႏွစ္ႏွစ္ေက်ာ္ ရွိၿပီျဖစ္ပါတယ္။ ဒီကေန႔ မနက္ပိုင္းက မိမိရဲ႕နားထင္ကို ေသနတ္နဲ႔ပစ္ၿပီး သတ္ေသသြားခဲ့တာ ျဖစ္ပါတယ္။

ေသဆံုးသူဟာ အရင္ ရဲစခန္းမွဴးရဲ႕ ကိုယ္ေရးအရာရွိအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့ဖူးသူလည္း ျဖစ္ပါတယ္။ ေသဆံုးမႈနဲ႔ ပတ္သက္ၿပီး (ပ) ၁၂/၂၀၁၈ အရ ရဲတပ္ဖြဲ႔က အမႈဖြင့္ေဆာင္ရြက္ထားရွိၿပီး စံုစမ္းစစ္ေဆးမႈေတြ ျပဳလုပ္ေနပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ပေါက်တောမှာ ရဲတပ်သားတစ်ဦး သတ်သေ

ရခိုင်ပြည်နယ်၊ ပေါက်တော မြို့မရဲစခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်ဖွဲ့ဝင်တစ်ဦး ဒီကနေ့ အောက်တိုဘာ ၁၁ ရက် မနက် ၉ နာရီ အချိန်ခန့်က မိမိကိုယ်ကို သတ်သေမှု ဖြစ်ပွားခဲ့ပါတယ်။

သေဆုံးသူ ရဲတပ်သား အောင်မြင့်သိန်း (၂၂ နှစ်) ဟာ မြောက်ဦးဇာတိဖြစ်ပြီး ပေါက်တောရဲစခန်းမှာ တာဝန်ထမ်းဆောင်နေတာ နှစ်နှစ်ကျော် ရှိပြီဖြစ်ပါတယ်။ ဒီကနေ့ မနက်ပိုင်းက မိမိရဲ့နားထင်ကို သေနတ်နဲ့ပစ်ပြီး သတ်သေသွားခဲ့တာ ဖြစ်ပါတယ်။

သေဆုံးသူဟာ အရင် ရဲစခန်းမှူးရဲ့ ကိုယ်ရေးအရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူလည်း ဖြစ်ပါတယ်။ သေဆုံးမှုနဲ့ ပတ်သက်ပြီး (ပ) ၁၂/၂၀၁၈ အရ ရဲတပ်ဖွဲ့က အမှုဖွင့်ဆောင်ရွက်ထားရှိပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။

?bph6