ျမန္မာနဲ႔ စစ္ဘက္ဆက္ဆံေရး ျဖတ္ဖို႔ ၾသစေၾတးလ် တက္ၾကြလႈပ္ရွားသူေတြ တိုက္တြန္း

0
189

ရခိုင္ျပည္နယ္၊ ဘဂၤါလီ မြတ္စလင္ အေရးနဲ႔ပတ္သက္လို႔ ျမန္မာတပ္မေတာ္နဲ႔ စစ္ဘက္ဆက္ဆံေရး ျဖတ္ေတာက္ဖို႔နဲ႔ စစ္ဘက္ဆိုင္ရာ တာဝန္ရွိသူေတြကို ပိတ္ဆို႔အေရးယူဖို႔ ၾသစေၾတးလ် လူ႔အခြင့္အေရး အဖြဲ႔ေတြက ၾသစေၾတးလ် အစိုးရကို တိုက္တြန္းထားပါတယ္။

လူ႔အခြင့္အေရး တက္ၾကြလႈပ္ရွားတဲ့ ပူးေပါင္းအဖြဲ႔ေတြက ရခိုင္ျပည္နယ္အေရးမွာ တာဝန္ရွိသူေတြကို တာဝန္ခံေစဖို႔ ဖိအားေပးေရး ၾသစေၾတးလ် အစိုးရကို ေတာင္းဆိုတာ ျဖစ္ပါတယ္။ ရခိုင္ျပည္နယ္ ေျမာက္ပိုင္းအေရးမွာ တာဝန္ခံယူ ရွိရမယ္လို႔ လြတ္ၿငိမ္းခ်မ္းသာခြင့္အဖြဲ႔က ဒိုင္ယာနာေဆယက္က ေျပာတယ္လို႔ ၾသစေၾတးလ် အေျခစိုက္ ႏိုင္းနယူးစ္ သတင္းက ေဖာ္ျပပါတယ္။

ၾသစေၾတးလ် အစိုးရဟာ ဒါကိုျဖစ္ေျမာက္ေအာင္ လုပ္ေဆာင္ရမယ္၊ အထူးသျဖင့္ အေထာက္အထားေတြ အလွ်င္အျမန္ စုေဆာင္းတာ၊ အနာဂတ္မွာ ႏိုင္ငံတကာ ရာဇဝတ္ တရား႐ံုး (ICC) အတြက္ စုစည္းထားဖို႔ ျဖစ္တယ္လို႔လည္း သူက ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြန်မာနဲ့ စစ်ဘက်ဆက်ဆံရေး ဖြတ်ဖို့ သြစတြေးလျ တက်ကြွလှုပ်ရှားသူတွေ တိုက်တွန်း

ရခိုင်ပြည်နယ်၊ ဘင်္ဂါလီ မွတ်စလင် အရေးနဲ့ပတ်သက်လို့ မြန်မာတပ်မတော်နဲ့ စစ်ဘက်ဆက်ဆံရေး ဖြတ်တောက်ဖို့နဲ့ စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူတွေကို ပိတ်ဆို့အရေးယူဖို့ သြစတြေးလျ လူ့အခွင့်အရေး အဖွဲ့တွေက သြစတြေးလျ အစိုးရကို တိုက်တွန်းထားပါတယ်။

လူ့အခွင့်အရေး တက်ကြွလှုပ်ရှားတဲ့ ပူးပေါင်းအဖွဲ့တွေက ရခိုင်ပြည်နယ်အရေးမှာ တာဝန်ရှိသူတွေကို တာဝန်ခံစေဖို့ ဖိအားပေးရေး သြစတြေးလျ အစိုးရကို တောင်းဆိုတာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ် မြောက်ပိုင်းအရေးမှာ တာဝန်ခံယူ ရှိရမယ်လို့ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ဒိုင်ယာနာဆေယက်က ပြောတယ်လို့ သြစတြေးလျ အခြေစိုက် နိုင်းနယူးစ် သတင်းက ဖော်ပြပါတယ်။

သြစတြေးလျ အစိုးရဟာ ဒါကိုဖြစ်မြောက်အောင် လုပ်ဆောင်ရမယ်၊ အထူးသဖြင့် အထောက်အထားတွေ အလျှင်အမြန် စုဆောင်းတာ၊ အနာဂတ်မှာ နိုင်ငံတကာ ရာဇဝတ် တရားရုံး (ICC) အတွက် စုစည်းထားဖို့ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။