နာမည်ကျော်မင်းသားကြီး Will Smith ရဲ့ Drama ဇာတ်ကား Concussion ရုပ်ရှင်ဇာတ်ကားနဲ့မိတ်ဆက်

[fbvideo link=”https://www.facebook.com/mcntv/videos/776757449117467/” width=”800″ height=”700″ onlyvideo=”1″]

 

Concussion ရုပ်ရှင်ဇာတ်ကားနဲ့မိတ်ဆက်ပေးသွားမှာပါ ဒီဇာတ်ကားကိုလာမဲ့ဒီဇင်ဘာလ 25 ရက်နေ့ အမေရိကန်ပြည်ထောင်စုကရုပ်ရှင်ရုံတွေမှာရုံတင်ပြသမှာဖြစ်ပါတယ်ရှင်။
ဒီဇာတ်ကားထဲမှာ အမေရိကန် Football အားကစားပြိုင်ပွဲတစ်ခုဖြစ်တဲ့ NFL မှာ ကစားခဲ့တဲ့ ဘောလုံးကစားသမားဟောင်းရဲ့အလောင်းကို အဓိက ဇာတ်ဆောင် မင်းသားဖြစ်တဲ့ မှုခင်းဆရာဝန်က ခွဲစိတ်ခဲ့ပါတယ်။
အဲဒီလိုခွဲစိတ်တဲ့အခါ အယ်ဇိုင်းမားရောဂါနဲ့ဆင်တူတဲ့ ဦးနှောက်အာရုံကြောဆိုင်ရာ ရောဂါတစ်ခုကို ရှာဖွေတွေ့ရှိသွားခဲ့ပါတယ်။
Will Smith အဲဒီရဲ့တွေ့ရှိချက်ကိုဆေးပညာရပ်ဆိုင်ရာဂျာနယ်ကနေ အများသိအောင်ဖြန့်ချီခဲ့ပါတယ်။
ဒါ့အပြင် ဒီအားကစားကိုပါဝင်ကစားကြတဲ့ တခြားအားကစားသမားတွေမှာလည်း အဲဒီလက္ခဏာမျိုးကို သူကထပ်မံတွေ့ရှိခဲ့ပါတယ်။
ဒါ့ကြောင့်အမေရိကန် Football အားကစားဟာ ဦးနှောက်အာရုံကြောဆိုင်ရာ ရောဂါဖြစ်နိုင်တယ်ဆိုတာကို ပြည်သူတွေနားလည်နိုင်ဖို့အတွက် ဆရာဝန်တစ်ဦးရဲ့ကြိုးပမ်းမှုကိုကြည့်ရှု့ရမှာဖြစ်ပါတယ်ရှင်။
ဒီဇာတ်ကားကိုဒါရိုက်တာ Peter Landesman ပီတာ လန်းဒ်စမန်း က ရိုက်ကူးထားတာဖြစ်ပြီး နာမည်ကျော်မင်းသားကြီး Will Smith နဲ့အတူ တခြားသရုပ်ဆောင်တွေ အားဖြည့်ထားတဲ့ ဒရမ်မာရုပ်ရှင်ဇာတ်ကားပဲဖြစ်ပါတယ်။

adv_banner