တရုတ္ ႏုိင္ငံ က ျမန္မာ၊ အိႏၵိယ ၊ဘဂၤလားေဒရွ္႕တုိ႔ကို လက္နက္အမ်ားဆံုးေရာင္းခ်

0
737

တရုတ္ႏိုင္ငံဟာကမာၻေပၚမွာလက္နက္တင္ပို႔ေရာင္းခ်မႈအမ်ားဆံုးေရာင္းခ်တဲ့ႏိုင္ငံေတြထဲ မွာ ကမာၻအဆင့္ ၅ေနရာမွာရွိေနၿပီးအိမ္နီးခ်င္း အိႏၵိယ ၊ ျမန္မာ၊ ပါကစၥတန္၊ ဘဂၤလားေဒရွ္႕တုိ႔ကိုအမ်ားဆံုးေရာင္းခ်ခဲ့တာျဖစ္တယ္လို႔ Stockholm  ႏိုင္ငံတကာ ၿငိမ္းခ်မ္းေရး သုေတသန အင္စတီက်ဴအဖြဲ႔ရဲ႕ ေလ့လာခ်က္မွာေဖာ္ျပထားပါတယ္။

တရုတ္ႏုိင္ငံ  ဟာ ၂၀၁၃ ခုႏွစ္မွ ၂၀၁၇ ခုႏွစ္အတြင္း ပါကစၥတန္ႏုိင္ငံဆီ လက္နက္တင္ပို႔ေရာင္းခ်မႈ ၃၅ ရာခိုင္ႏႈန္းရွိခဲ့ၿပီး ဘဂၤလားေဒရွ္႕ႏုိင္ငံ ဟာ အဲဒီ ၅ႏွစ္အတြင္း  တရုတ္ႏုိင္ငံကေန လက္နက္ ၇၁ ရာခိုင္ႏႈန္းဝယ္ခဲ့သလုိ ျမန္မာႏုိင္ငံကလည္း တရုတ္ႏိုင္ငံဆီက လက္နက္ ၆၈ ရာခုိင္ႏႈန္းဝယ္ခဲ့ ပါတယ္။

ကမာၻေပၚမွာလက္နက္ေရာင္းခ်မႈအမ်ားဆံုးႏုိင္ငံေတြထဲမွာ အေမရိကန္ ႏုိင္ငံ ကထိပ္ဆံုးမွာဦးေဆာင္ေနၿပီး ရုရွား၊ ျပင္သစ္၊  ဂ်ာမနီ နဲ႔ တရုတ္ႏိုင္ငံတုိ႔က ထိပ္ဆံုး ၅ ႏိုင္ငံထဲ ရပ္တည္ႏုိင္ခဲ့ပါတယ္။

 အဲဒီထိပ္ဆံုး ၅ ႏုိင္ငံဟာ ကမာၻတဝွမ္းရွိႏိုင္ငံေတြဆီ လက္နက္ ၇၄ ရာခုိင္ႏႈန္းတင္ပို႔ေရာင္းခ်ခဲ့တယ္လုိ႔  အဆိုပါ အင္စတီက်ဴးရွင္းကေဖာ္ျပထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>

တရုတ် နိုင်ငံ က မြန်မာ၊ အိန္ဒိယ ၊ဘင်္ဂလားဒေရှ့်တို့ကို လက်နက်အများဆုံးရောင်းချ

တရုတ်နိုင်ငံဟာကမ္ဘာပေါ်မှာလက်နက်တင်ပို့ရောင်းချမှုအများဆုံးရောင်းချတဲ့နိုင်ငံတွေထဲ မှာ ကမ္ဘာအဆင့် ၅နေရာမှာရှိနေပြီးအိမ်နီးချင်း အိန္ဒိယ ၊ မြန်မာ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေရှ့်တို့ကိုအများဆုံးရောင်းချခဲ့တာဖြစ်တယ်လို့ Stockholm နိုင်ငံတကာ ငြိမ်းချမ်းရေး သုတေသန အင်စတီကျူအဖွဲ့ရဲ့ လေ့လာချက်မှာဖော်ပြထားပါတယ်။

တရုတ်နိုင်ငံ ဟာ ၂၀၁၃ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း ပါကစ္စတန်နိုင်ငံဆီ လက်နက်တင်ပို့ရောင်းချမှု ၃၅ ရာခိုင်နှုန်းရှိခဲ့ပြီး ဘင်္ဂလားဒေရှ့်နိုင်ငံ ဟာ အဲဒီ ၅နှစ်အတွင်း တရုတ်နိုင်ငံကနေ လက်နက် ၇၁ ရာခိုင်နှုန်းဝယ်ခဲ့သလို မြန်မာနိုင်ငံကလည်း တရုတ်နိုင်ငံဆီက လက်နက် ၆၈ ရာခိုင်နှုန်းဝယ်ခဲ့ ပါတယ်။

ကမ္ဘာပေါ်မှာလက်နက်ရောင်းချမှုအများဆုံးနိုင်ငံတွေထဲမှာ အမေရိကန် နိုင်ငံ ကထိပ်ဆုံးမှာဦးဆောင်နေပြီး ရုရှား၊ ပြင်သစ်၊ ဂျာမနီ နဲ့ တရုတ်နိုင်ငံတို့က ထိပ်ဆုံး ၅ နိုင်ငံထဲ ရပ်တည်နိုင်ခဲ့ပါတယ်။

အဲဒီထိပ်ဆုံး ၅ နိုင်ငံဟာ ကမ္ဘာတဝှမ်းရှိနိုင်ငံတွေဆီ လက်နက် ၇၄ ရာခိုင်နှုန်းတင်ပို့ရောင်းချခဲ့တယ်လို့ အဆိုပါ အင်စတီကျူးရှင်းကဖော်ပြထားပါတယ်။

?bph6