


………………. ။ ။ ……………….

လီဆူစာပေ နှစ် ၁၀ဝ ပြည့်ပွဲ ကျင်းပ

လီဆူ တိုင်းရင်းသားတွေရဲ့ စာပေကို ၁၉၁၇ ခုနှစ်က စတင် အသုံးပြုခဲ့ပြီး လီဆူစာပေ နှစ် ၁၀ဝ ပြည့် ပွဲတော်ကို မြစ်ကြီးနားမြို့မှာ မနေ့က ဒီဇင်ဘာ ၁၅ ရက်နေ့မှာ ကျင်းပပါတယ်။

လီဆူ စာပေ နှစ် ၁၀ဝ ပြည့် အထိမ်းအမှတ် မော်ကွန်းကျောက်တိုင်ကိုလည်း စိုက်ထူ ဖွင့်လှစ်ပါတယ်။ လီဆူ စာပေ ဟောပြောပွဲ၊ ချီးမွမ်းကိုးကွယ်ခြင်း၊ လီဆူ ရိုးရာ ဒူးလေးပစ်ပြိုင်ပွဲ၊ လီဆူရိုးရာ အကနဲ့ ပိုက်ကျော်ခြင်း၊ စတာတွေလည်း ကျင်းပပါတယ်။

လီဆူတိုင်းရင်းသား စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ ပြခန်းနဲ့ ဈေးဆိုင်ခန်းတွေကို ဒီဇင်ဘာ ၁၇ ရက်အထိ ကျင်းပမှာ ဖြစ်ပါတယ်။

adv_banner