၂၀၁၇ ခုႏွစ္အတြက္ အကယ္ဒမီ စာရင္း၀င္ ႐ုပ္ရွင္ဇာတ္ကားေပါင္း ၅၀ ေက်ာ္ရွိ

၂၀၁၇ ခုႏွစ္အတြက္ ျမန္မာ့ရုပ္ရွင္အကယ္ဒမီ စာရင္း၀င္ ရုပ္ရွင္ဇာတ္ကားေပါင္း ၅၀ ေက်ာ္ရွိတယ္လို႔ ျမန္မာႏိုင္ငံ ရုပ္ရွင္အစည္းအရံုးက ေျပာပါတယ္။ ျမန္မာႏိုင္ငံ ရုပ္ရွင္အစည္းအရံုးရဲ႕ နာယကျဖစ္သူ ဦးႏွင္းမိုးက ႏိုင္ငံပိုင္သတင္းစာေတြကို ေျပာၾကားလိုက္တာပါ။

ျပန္ၾကားေရး၀န္ႀကီးဌာနက က်င္းပခဲ့တဲ့ ျမန္မာ့ဒီမိုကေရစီရုပ္ရွင္ပြဲေတာ္မွာ ပါ၀င္ျပသခဲ့တဲ့ ရုပ္ရွင္ဇာတ္ကားေတြ ပါ၀င္လာတာေၾကာင့္ အခုလို မ်ားျပားလာတာျဖစ္ၿပီး အကဲျဖတ္ရာမွာလည္း ပိုၿပီး ခက္ခဲလာႏိုင္တယ္လို႔လည္း သူက ေျပာပါတယ္။

လက္ရွိအေျခအေနမွာဆိုရင္ေတာ့ အကယ္ဒမီဘုတ္အဖြဲ႔ကို စတင္ဖြဲ႔စည္းဖို႔ ျပင္ဆင္ေနၿပီး အကယ္ဒမီဆု ၁၁ ဆုလံုး အျပည့္အ၀ ေပးအပ္ႏိုင္ဖို႔ကိုလည္း ႀကိဳးစားေနတယ္လို႔ ရုပ္ရွင္အစည္းအရံုး ဥကၠ႒ ဦးဇင္၀ိုင္းက ေျပာၾကားထားတာပါ။

၂၀၁၇ ခုႏွစ္အတြက္ ျမန္မာ့ရုပ္ရွင္အကယ္ဒမီ ဆုေပးပြဲကိုေတာ့ လာမယ့္ ၂၀၁၈ ခုႏွစ္ မတ္လမွာ က်င္းပသြားဖို႔ ရွိေနတာျဖစ္ပါတယ္။

………………….. ။ ။ …………………..

၂၀၁၇ ခုနှစ်အတွက် အကယ်ဒမီ စာရင်းဝင် ရုပ်ရှင်ဇာတ်ကားပေါင်း ၅၀ ကျော်ရှိ

၂၀၁၇ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်အကယ်ဒမီ စာရင်းဝင် ရုပ်ရှင်ဇာတ်ကားပေါင်း ၅၀ ကျော်ရှိတယ်လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ပြောပါတယ်။ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးရဲ့ နာယကဖြစ်သူ ဦးနှင်းမိုးက နိုင်ငံပိုင်သတင်းစာတွေကို ပြောကြားလိုက်တာပါ။

ပြန်ကြားရေးဝန်ကြီးဌာနက ကျင်းပခဲ့တဲ့ မြန်မာ့ဒီမိုကရေစီရုပ်ရှင်ပွဲတော်မှာ ပါဝင်ပြသခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားတွေ ပါဝင်လာတာကြောင့် အခုလို များပြားလာတာဖြစ်ပြီး အကဲဖြတ်ရာမှာလည်း ပိုပြီး ခက်ခဲလာနိုင်တယ်လို့လည်း သူက ပြောပါတယ်။

လက်ရှိအခြေအနေမှာဆိုရင်တော့ အကယ်ဒမီဘုတ်အဖွဲ့ကို စတင်ဖွဲ့စည်းဖို့ ပြင်ဆင်နေပြီး အကယ်ဒမီဆု ၁၁ ဆုလုံး အပြည့်အဝ ပေးအပ်နိုင်ဖို့ကိုလည်း ကြိုးစားနေတယ်လို့ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ပြောကြားထားတာပါ။

၂၀၁၇ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်အကယ်ဒမီ ဆုပေးပွဲကိုတော့ လာမယ့် ၂၀၁၈ ခုနှစ် မတ်လမှာ ကျင်းပသွားဖို့ ရှိနေတာဖြစ်ပါတယ်။

adv_banner