?bph6

Place your ads here!






……………………… ။ ။ ……………………….

ကိုဖီအာနန် ရခိုင်ပြည်နယ် အရေးနဲ့ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ရှင်းလင်း
လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေနဲ့ အလွတ်သဘောဆွေးနွေးပွဲမှာ ရခိုင်ပြည်နယ်အကြံပေးကော်မရှင် ထုတ်ပြန်ထားတဲ့ အစီရင်ခံစာပါချက်တွေကို ကော်မရှင်ဥက္ကဋ္ဌ ကိုဖီအာနန်ဟာ ရခိုင်ပြည်နယ် အရေးနဲ့ ရှင်းလင်းမှုတွေလုပ်ခဲ့ပါတယ်။

ရခိုင်ပြည်နယ် အကြံပေးကော်မရှင်ရဲ့ အကြံပြုချက်ကို မြန်မာအစိုးရကရော လုံခြုံရေးကောင်စီအဖွဲ့ ဝင်တွေရော နိုင်ငံတကာအဖွဲ့အစည်းတွေရောက ဒီအစီရင်ခံစာကိုလက်ခံထားကြတဲ့အတွက် အားလုံးပေါင်းပြီး လက်တွေ့ဆောင်ရွက်နိုင်မယ့် မူဘောင်တွေ ချမှတ်နိုင်မယ်လို့ ကိုဖီအာနန်ကပြောပါတယ်။

ပြသာနာဟာကျယ်ပြန်တာကြောင့် မြန်မာနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းတို့ အတူတကွ ပူးပေါင်း ဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်ပါတယ်လို့ ကိုဖီအာနန်ကပြောပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံအနေနဲ့ ဒီပြဿနာကြီးကို ဖြေရှင်းနိုင်အောင် အချိန်နဲ့ လုပ်ခွင့်ပမာဏ ပေးထားဖို့လည်း အရေးကြီးတယ်လို့ ထင်ပါပြီး အချိန်နဲ့ အထောက်အကူပြုအရင်းအမြစ်တွေ အများအပြားလိုအပ်နေလို့လည်းဖြစ်တယ်လို့ ကိုဖီအာနန်ကပြောခဲ့ပါတယ်။

ကိုဖီအာနန်က မြန်မာနိုင်ငံအုပ်ချုပ်ရေးစနစ်မှာ ခေါင်းဆောင်မှု ၂ ခုတွဲအုပ်ချုပ်ရေးစနစ်ဖြစ်နေတယ် ဆိုတာကို လုံခြုံရေးကောင်စီကို ပြောကြားခဲ့ပါတယ်။

adv_banner