?bph6

Place your ads here!

မေကြးမွာ ပညာေရးကသိမ္းထားတဲ့ ေျမ ၂၆၀၀ ေက်ာ္ ျပန္ေပး

မေကြးတိုင္းအတြင္း ပညာေရး၀န္ႀကီးဌာနက သိမ္းထားတဲ့   ေျမဧရိယာ ၂၆၆၅ ဧကကို  မူလပိုင္ရွင္ ေတာင္သူမ်ားနဲ႔  ႏိုင္ငံေတာ္သုို႔ ျပန္လည္လႊဲေျပာင္း ေပးအပ္လိုက္ပါတယ္။

ၿမိဳင္ၿမိဳ႕နယ္အတြင္းရွိ ပညာေရး၀န္ႀကီးဌာန၊ နည္းပညာ သုေတသန ဌာနင သိမ္းထားခဲ့တဲ့  ေျမဧက  ၃၁၅၀  အနက္အမွန္ တကယ္ အသံုးျပဳရန္လိုအပ္တဲ့  ေျမဧရိယာ ၄၈၅ ကို ခ်န္ျပီး  က်န္ေျမ ၂၆၆၅ ဧကကို ျပန္ေပးခဲ့တာ ျဖစ္ပါတယ္။

ဧက ၂၆၀၀ ေက်ာ္အနက္က  မူလပိုင္ ရွင္ေတာင္သူ ၂၀၉  ဦးပိုင္  ေျမဧရိယာ  ၈၇၀ ဒသမ ၁၂ ဧကကို ေတာင္သူကို လႊဲေျပာင္းေပးအပ္ ခဲ့ၿပီး အျခားေျမ ၁၇၉၄ ဒသမ ၆၈ ဧကကို အစိုးရစီမံခန္႔ခြဲပိုင္ခြင့္ ေျမဧရိယာ အျဖစ္  ျပန္လည္ အပ္ႏွံခဲ့တာ ျဖစ္ပါတယ္။

စက္တင္ဘာ ၁၂ရက္က လုပ္ခဲ့တဲ့ သိမ္းဆည္းေျမျပန္ေပးတဲ့အခန္းအနားကို လယ္ယာေျမႏွင့္အျခားေျမမ်ား သိမ္းဆည္းျခင္းခံရမႈမ်ား ျပန္လည္စိစစ္ေရး ဗဟုိ ေကာ္မတီ ဥကၠ႒ ဒုတိယသမၼတ ဦးဟင္နရီဗန္ထီးယူ တက္ေရာက္ခဲ့ျပီး ေျမယာျပႆနာမ်ားကို လ်င္လ်င္ျမန္ျမန္ ေျဖရွင္းေပးေနတယ္လို႔ ေျပာခဲ့ပါတယ္။
(USA)

……………………………။ ။ ……………………………

မကွေးမှာ ပညာရေးကသိမ်းထားတဲ့ မြေ ၂၆၀ဝ ကျော် ပြန်ပေး

မကွေးတိုင်းအတွင်း ပညာရေးဝန်ကြီးဌာနက သိမ်းထားတဲ့ မြေဧရိယာ ၂၆၆၅ ဧကကို မူလပိုင်ရှင် တောင်သူ များနဲ့ နိုင်ငံတော်သိုု့ ပြန်လည်လွှဲပြောင်းပေးအပ်လိုက်ပါတယ်။

မြိုင်မြို့နယ်အတွင်းရှိ ပညာရေးဝန်ကြီးဌာန၊ နည်းပညာ သုတေသန ဌာနင သိမ်းထားခဲ့တဲ့ မြေဧက ၃၁၅၀ အနက်အမှန် တကယ် အသုံးပြုရန်လိုအပ်တဲ့ မြေဧရိယာ ၄၈၅ ကို ချန်ပြီး ကျန်မြေ ၂၆၆၅ ဧကကို ပြန်ပေးခဲ့တာ ဖြစ်ပါတယ်။

ဧက ၂၆၀ဝ ကျော်အနက်က မူလပိုင် ရှင်တောင်သူ ၂၀၉ ဦးပိုင် မြေဧရိယာ ၈၇၀ ဒသမ ၁၂ ဧကကို တောင်သူကို လွှဲပြောင်းပေးအပ် ခဲ့ပြီး အခြားမြေ ၁၇၉၄ ဒသမ ၆၈ ဧကကို အစိုးရစီမံခန့်ခွဲပိုင်ခွင့် မြေဧရိယာ အဖြစ် ပြန်လည် အပ်နှံခဲ့တာ ဖြစ်ပါတယ်။

စက်တင်ဘာ ၁၂ရက်က လုပ်ခဲ့တဲ့ သိမ်းဆည်းမြေပြန်ပေးတဲ့အခန်းအနားကို လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟို ကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်ခဲ့ပြီး မြေယာပြဿနာများကို လျင်လျင်မြန်မြန် ဖြေရှင်းပေးနေတယ်လို့ ပြောခဲ့ပါတယ်။(USA)

adv_banner