?bph6

Place your ads here!

ရခိုင်အရေး သတိဝီရိယ သတ္တိအပြင် ညီညွတ်မှုနဲ့မှ ကာကွယ်နိုင်လိမ့်မယ်

ရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်ပြီး ဓမ္မဓိဋ္ဌာန်ကျနစွာ ဆင်ခြင်ဥာဏ်အပြည့်နဲ့ သတိဝီရိယ သတ္တိအပြင် စုစည်းညီညွတ်မှုနဲ့ ဆောင်ရွက်နိုင်မှ ကာကွယ်နိုင်လိမ့်မယ်လို့ လွှတ်တော် ဥက္ကဋ္ဌဟောင်း သူရဦးရွှေမန်းက ပြောကြားလိုက်ပါတယ်။

စက်တင်ဘာလ ၂ ရက်နေ့က လူမှုကွန်ရက်စာမျက်နှာကတဆင့် အဲ့ဒီလို ပြောကြားထားတာပါ။

ဒီလိုပြောကြားရာမှာတော့  ရခိုင်ပြည်နယ်က အနောက်ခြံစည်းရိုး မလုံမခြုံဖြစ်ခဲ့တာ အချိန်တော်ကြာခဲ့ပြီဖြစ်ကာ ခြံစည်းရိုးကို ပုံစံအမျိုးမျိုးနဲ့ ကျော်နင်းဖို့ ကြိုးခဲ့ ကြိုးစားနေကြဆဲဖြစ်တယ်လို့ ဆိုတာပါ။

ဒါအပြင် အဲ့ဒီလို ခြံစည်းရိုးကျော်နင်းနေသူတွေဟာ အင်အားကြီးသလို ဘာသာရေး၊ လူမျိုးရေးအပြင် ယခုအခါမှာတော့ လူ့အခွင့်အရေးကိုပါ အကြောင်းပြလာ ကြတယ်လို့လည်း ထည့်သွင်းပြောဆိုထားပါတယ်။

adv_banner