အိုဘားမား ပိတ်ပင်ခဲ့တဲ့ ရေနံပိုက်လိုင်း စီမံကိန်းကို ထရန့် ခွင့်ပြု

0
252

အမေရိကန်သမ္မ ဒေါ်နယ်ထရန့်ဟာ အမေရိကန် သမ္မတအိုဘားမား လက်ထက်က ပိတ်ပင်ထားခဲ့တဲ့ ရေနံ ပိုက်လိုင်းစီမံကိန်းကို ပြန်လည်ခွင့်ပြု လိုက်တဲ့ အတွက်ကြောင့် နယူးယောက်မြို့မှာ မတ်လ ၂၄ ရက်နေ့က ဆန္ဒပြမှုတွေ ဖြစ်ပေါ်နေတာပဲ ဖြစ်ပါတယ်။

အဲဒီရေနံ ပိုက်လိုင်းဟာ ကနေဒါနိုင်ငံနဲ့ ဆက်သွယ်မယ့် ပိုက်လိုင်းဖြစ်ပြီး အမေရိကန်ကို ဖြတ်သန်းပြီး ရေနံစိမ်းတွေကို မက္ကဆီကို ပင်လယ်ကွေ့ဆီကို ပို့ဆောင်မှာပဲဖြစ်ပါတယ်။ အဲဒီစီမံကိန်းကို ခွင့်ပြုလိုက်တဲ့အတွက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့တွေအတွက် ဒေါသဖြစ်လာစေပါတယ်။

ဒါပေမဲ့လည်း ထရန့်ကတော့ အလုပ်သမားတွေအတွက် အလုပ်အကိုင်အခွင့်အလမ်း အသစ်တွေရရှိစေဖို့ ခွင့်ပြုတာဖြစ်တယ်လို့ ပြောပါတယ်။ အမေရိကန် သမ္မတ ဘားရတ်အိုဘားမား လက်ထက်တုန်းကတော့ ကမ္ဘကြီးပူနွေးလာမှုနဲ့ ဆက်စပ်နေတဲ့ ဓာတ်ငွေ့ ထုတ်လုပ်မှုတွေကို လျော့ချနိုင်ဖို့အတွက် ပိတ်ပင်ထားခဲ့တာပဲ ဖြစ်ပါတယ်။