ကုလသမဂ္ဂ အထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံဆွေးနွေးဖို့ ရခိုင်အမျိုးသားပါတီ ငြင်းဆို

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီကို တွေ့ဆုံဖို့အရေးကို ရခိုင်လွှတ်တော်အမတ်က ဒီကနေ့ ဇန်နဝါရီ ၁၃ ရက်နေ့မှာ ငြင်းဆန်လိုက်ပါတယ်။

YanHeeLee

မစ္စယန်ဟီးလီဘက်က ရခိုင်အမျိုးသားပါတီ (ANP)နဲ့ တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းထားပေမဲ့လည်း ANP ဘက်က ငြင်းဆန်ခဲ့တာပါ။

“သူတို့က ကျွန်တော်တို့ကို သူတို့နဲ့ဆွေးနွေးဖို့ ကမ်းလှမ်းတယ်။ ဒါပေမဲ့ ကျွန်တော်တို့ သူတို့နဲ့တွေ့ဖို့ အစီအစဉ် မရှိဘူး။ သူတို့နဲ့တွေတယ်က သိပ်အရေးကြီးတဲ့ကိစ္စလို့လည်း မထင်ပါဘူး” ANP ပါတီရဲ့ ဒုတိယဥက္ကဋ္ဌ ဦးခိုင်ပြည်စိုးက ပြောကြားခဲ့ပါတယ်။

မစ္စ ယန်ဟီးလီဟာ မြန်မာနိုင်ငံကို ပဉ္စမမြောက် ခရီးစဉ်အဖြစ် ဇန်နဝါရီ ၉ ရက်နေ့ကတည်းက ရောက်ရှိနေတာဖြစ်ပြီး ဇန်နဝါရီ ၂၀ ရက်နေ့အထိ ၁၂ ရက်ကြာ နေထိုင်မှာ ဖြစ်ပါတယ်။

မစ္စယန်ဟီးလီနဲ့အဖွဲ့ဟာ ဇန်နဝါရီ ၁၄ ရက်နေ့မှာ ရခိုင်ပြည်နယ်ကို သွားရောက်ဖို့စီစဉ်ထားပြီး ရခိုင်အမျိုးသား ပါတီဝင်တွေနဲ့ စစ်တွေမှာ တွေ့ဆုံဖို့ စီစဉ်ထားတာပါ။ ယန်ဟီးလီဟာ ရခိုင်ကို မသွားခင် ကချင်ပြည်နယ်ကို သွားရောက်စဉ်ကလည်း ခရီးစဉ်အတွင်းမှာ ဖားကန့်နဲ့လိုင်ဇာလို ဒေသအချို့ကို သွားရောက်ခွင့် တားမြစ်ခံခဲ့ရပါတယ်။

adv_banner
adv_banner