အမြန်လမ်းမှာ နိုဝင်ဘာလအတွင်း ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ ၁၅ ဦး၊ ဒဏ်ရာရသူ ၁၁၇ ဦးရှိ

ရန်ကုန်- မန္တလေး အမြန်လမ်းမှာ နိုဝင်ဘာလအတွင်း ယာဉ်မတော်တဆမှုကြောင့် သေဆုံး သူ ၁၅ ဦး၊ ဒဏ်ရာရသူ ၁၁၇ ဦးရှိခဲ့ပါတယ်။
အဲဒီယာဉ်မတော်တဆမှုတွေဟာ နိုဝင်ဘာလအတွင်းမှာ ၆၁ ကြိမ် ဖြစ်ပွားခဲ့တာပါ။

15319592_1018929138234100_120750867_n

ဒါ့အပြင်၂၀၁၆ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလကုန်အထိ ၁၀ လအတွင်းမှာ အမြန်လမ်းမကြီးအတွင်း ယာဉ်မတော်တစမှု ၆၉၄ မှုဖြစ်ပွားခဲ့ပြီး သေဆုံးသူ
၁၄၉ ဦးနဲ့ ဒဏ်ရာရသူ ၁၁၉၁ ဦးရှိခဲ့ပါတယ်။

ယာဉ်မတော်တဆမှုတွေ ဖြစ်ရတာဟာ သတ်မှတ်အရှိန်ထက် ကျော်လွန်မောင်းနှင်မှု၊ ယာဉ်မောင်းအိပ်ငိုက်မှု၊ လမ်းဖြတ်ကူးသူပေါ့ဆမှု၊ တိရစ္ဆာန် ဖြတ်သန်းသွားလာမှု၊ ဆိုင်ကယ်ပေါ့ဆစွာ မောင်းနှင်မှုတွေကြောင့်ဖြစ်တယ်လို့ အမြန်လမ်းရဲ တပ်ဖွဲ့ က
ပြောကြားပါတယ်။

adv_banner
adv_banner
?bph6
?bph6
adv_banner adv_banner