မႏၱေလးတိုင္းအတြင္း ၿမိဳ႕နယ္အခ်ိဳ႕မွာ ေလျပင္းတိုက္ၿပီး အိမ္ၿပိဳလို႔ လူေသဆုံး

0
136

မႏၱေလးတိုင္းေဒသႀကီး အတြင္းက ၿမိဳ႕နယ္အခ်ိဳ႕မွာ ေလျပင္းတိုက္ခတ္မႈေၾကာင့္ အိမ္ေျခအခ်ိဳ႕ ပ်က္စီးကာ လူေသဆုံးမႈ ျဖစ္ပြားခဲ့ပါတယ္။

မေန႔ ေမလ ၂၃ ရက္ ညေနပိုင္းက ပုသိမ္ႀကီးၿမိဳ႕နယ္အတြင္း ေလျပင္းတိုက္ၿပီး အိိမ္ေျခ ၁၆ လုံးပ်က္စီးကာ ငါးဦး ဒဏ္ရာရၿပီး အသက္ ႏွစ္ဆယ္ေက်ာ္အရြယ္ အမ်ိဳးသမီးတစ္ဦး ေသဆုံးခဲ့တယ္လုိ႔ ျမန္မာႏိုင္ငံ  ရဲတပ္ဖြဲ႔က သတင္းထုတ္ျပန္လိုက္ပါတယ္။

ေသဆုံးသူကေတာ့ ေလျပင္းတိုက္ခ်ိန္မွာ အိမ္ထုတ္တန္းၿပိဳက်ကာ ႐ိုက္မိၿပီး ေသဆုံးခဲ့ရတာပါ။ ဒါ့အျပင္ ေပ်ာ္ဘြယ္၊ အမရပူရနဲ႕ မိတၳီလာ ၿမိဳ႕နယ္ေတြမွာလည္း ေလျပင္းတိုက္တာေၾကာင္ ဘုန္းႀကီးေက်ာင္း၊ စာသင္ေက်ာင္းနဲ႔ ေနအိမ္ေတြ ႏွစ္ရာေက်ာ္ ပ်က္စီးခဲ့ပါတယ္။

မန္တလေးတိုင်းအတွင်း မြို့နယ်အချို့မှာ လေပြင်းတိုက်ပြီး အိမ်ပြိုလို့ လူသေဆုံး

မန္တလေးတိုင်းဒေသကြီး အတွင်းက မြို့နယ်အချို့မှာ လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ခြေအချို့ ပျက်စီးကာ လူသေဆုံးမှု ဖြစ်ပွားခဲ့ပါတယ်။

မနေ့ မေလ ၂၃ ရက် ညနေပိုင်းက ပုသိမ်ကြီးမြို့နယ်အတွင်း လေပြင်းတိုက်ပြီး အိမ်ခြေ ၁၆ လုံးပျက်စီးကာ ငါးဦး ဒဏ်ရာရပြီး အသက် နှစ်ဆယ်ကျော်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်လိုက်ပါတယ်။

သေဆုံးသူကတော့ လေပြင်းတိုက်ချိန်မှာ အိမ်ထုတ်တန်းပြိုကျကာ ရိုက်မိပြီး သေဆုံးခဲ့ရတာပါ။ ဒါ့အပြင် ပျော်ဘွယ်၊ အမရပူရနဲ့ မိတ္ထီလာ မြို့နယ်တွေမှာလည်း လေပြင်းတိုက်တာကြောင် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနဲ့ နေအိမ်တွေ နှစ်ရာကျော် ပျက်စီးခဲ့ပါတယ်။