
0
138




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြန်မာ အမျိုးသမီးအသင်း အိုလံပစ် တတိယအဆင့် ခြေစစ်ပွဲ တက်ရောက်

မြန်မာ အမျိုးသမီးအသင်းဟာ အိန္ဒိယအမျိုးသမီးအသင်းကို သရေကစားပြီး အိုလံပစ် တတိယအဆင့် ခြေစစ်ပွဲကို တက်ရောက်သွားပါတယ်။

မြန်မာက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ ၂၀၂၀ တိုကျိုအိုလံပစ် အမျိုးသမီးဘောလုံး ဒုတိယအဆင့် ခြေစစ်ပွဲ အုပ်စု (က) နောက်ဆုံးနေ့ကို ဧပြီလ ၉ ရက်နေ့ ညနေက မန္တလေးမြို့ရှိ မန္တလာသီရိကွင်းမှာ ကစားခဲ့တာ ဖြစ်ပါတယ်။ မြန်မာက သုံးဂိုးနဲ့ အိန္ဒိယက သုံးဂိုး သရေကျခဲ့တာ ဖြစ်ပါတယ်။

မြန်မာ အမျိုးသမီးအသင်း တိုက်စစ်မှူး ဝင်းသိင်္ဂီက သုံးဂိုးစလုံးကို သွင်းယူခဲ့တာ ဖြစ်ပါတယ်။ မြန်မာလက်ရွေးစင် အမျိုးသမီးအသင်းကို ဧရာဝတီဘဏ်က ဂုဏ်ပြုဆုကြေးကွေ သိန်း ၂၀ဝ ချီးမြှင့်ခဲ့ပါတယ်။

?bph6