
0
164




<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

စီရော်နယ်ဒိုရဲ့ ဟက်ထရစ်ဂိုး စံချိန်ကို မက်ဆီ ကျော်ဖြတ်နိုင်ဖွယ်ရှိ

ရီးရဲဘက်တစ်နဲ့ ကစားခဲ့တဲ့ မနေ့က လာလီဂါပွဲစဉ်မှာ ဟက်ထရစ်ဂိုး သွင်းယူနိုင်ခဲ့တာကြောင့် ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီဟာ လာလီဂါ သမိုင်းတစ်လျှောက် ဟက်ထရစ်ဂိုး အများဆုံး သွင်းထားတဲ့ စီရော်နယ်ဒိုရဲ့ စံချိန်ကို ကျော်ဖြတ်နိုင်ဖွယ်ရှိပါတယ်။

စီရော်နယ်ဒိုဟာ ရီးရဲမက်ဒရစ်အတွက် ကစားခဲ့ချိန်က လာလီဂါပြိုင်ပွဲမှာ ဟက်ထရစ်ဂိုး ၃၄ ကြိမ် သွင်းထားနိုင်ပါတယ်။

မက်ဆီကတော့ လက်ရှိမှာ လာလီဂါပြိုင်ပွဲမှာ ဟက်ထရစ်ဂိုး ၃၃ ကြိမ်သာ သွင်းထားနိုင်ပြီး ဘာစီလိုနာအတွက် ထပ်မံကစားမယ့် ပွဲစဉ်တွေမှာ ဟက်ထရစ်ဂိုး သွင်းယူနိုင်ခဲ့ပါက စီရော်နယ်ဒိုရဲ့ ဟက်ထရစ်ဂိုး အများဆုံး သွင်းထားတဲ့စံချိန်ကို ကျော်ဖြတ်နိုင်မှာလည်း ဖြစ်ပါတယ်။

?bph6